ရှမ်းလေးနဲ့ရှမ်းမလေးအဖြစ်နဲ့ ပရိသတ်တွေချစ်နေရပြန်တဲ့ မေမြင့်မိုရ်နဲ့ချမ်းမင်းရဲထွဋ်

Posted on

ပရိသတ်တွေချစ်ရတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်တွေမသိသူမရှိလောက်ပါဘူး။ မင်းသားချောချမ်းမင်းရဲထွဋ်ကလည်း နှုတ်ခမ်းနီမလေးတွေအသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ပရိသတ်တွေကိုလိုက်ဖက်ညီတဲ့ပုံရိပ်လေးတွေချပြလာတာပါ။


အနီရောင်ရှမ်းဝတ်စုံလေးတွေနဲ့အတူ ကျက်သရေရှိနေတဲ့သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို ဒီနေ့မှာ ပရိသတ်တွေကိုမျှဝေလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့လိုက်ဖက်ညီနေတဲ့ပုံရိပ်လေးတွေကို သဘောကျနေခဲ့ကြပါတယ်။ စတိုင်ကျတဲ့သူတို့နှစ်ဦးကတော့ ဘာဝတ်ဝတ်လိုက်ဖက်နေသလို အခုလိုတိုင်းရင်းသားဝတ်စုံတွေနဲ့လည်း ကြည့်ကောင်းနေတာအမှန်ပါပဲ။


မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးနေရသလို ချမ်းမင်းရဲထွဋ်ကလည်း မကြာခစဆိုသလို ပရိသတ်တွေဆီကိုအနုပညာအသစ်တွေဖန်တီးပြီးချပြသူလည်း ဖြစ်ပါတယ်။ နောက်ထပ်အနုပညာခြေလှမ်းအသစ်တွေကိုလည်း ပရိသတ်တွေမျှော်လင့်ရင်နေကြမှာပါ။ ရှမ်းဝတ်စုံနဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်….


Source : MayMyintMo