“ရင်ခုန်သံ (၇၄) ရက်” ဇာတ်လမ်းတွဲမှာအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်လာမယ့် မြတ်နိုးအေး

Posted on

အေးချမ်းတည်ငြိမ်တဲ့အလှပိုင်ရှင်မင်းသမီးချောလေး မြတ်နိုးအေးကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ “ည” ရုပ်ရှင်ဇာတ်ကားမှာဆိုရင်တော့ ပရိသတ်တွေစတင်သတိထားမိကြတာဖြစ်ပြီး “သူစိမ်းအိမ်” ဇာတ်ကားမှာလည်းပရိသတ်တွေမြင်တွေ့ဖူးကြမှာပါ။ မြတ်နိုးအေးကတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီနေ့မှာတော့ အနုပညာလှုပ်ရှားမှုတွေများစွာပြုလုပ်နေတာလည်း ဖြစ်ပါတယ်။


ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ လျှို့ဝှက်ဆန်းကြယ်အချစ်ဒရမ်မာဇာတ်လမ်းတွဲလေးဖြစ်တဲ့ “ရင်ခုန်သံ (၇၄) ရက်” ဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေက အဓိကဇာတ်ဆောင်အနေနဲ့မြင်တွေ့ရတော့မှာပါ။ မြတ်နိုးအေးကတော့ သူသရုပ်ဆောင်ခဲ့တဲ့ဇာတ်ရုပ်တွေမှာ ပီပြင်အောင်ကြိဲုးစားလေ့ရှိသူတစ်ယောက်ဖြစ်တာကြောင့် ဒီဇာတ်ကားထဲမှာလည်း အဓိကဇာတ်ဆောင်အနေနဲ့ ပိုင်နိုင်စွာသရုပ်ဆောင်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ သူ့ရဲ့ကာရိုက်တာကတော့ ဒီဇာတ်လမ်းတွဲမှာ သူသူစံ(ကညာ) ဆိုတဲ့ ဇာတ်ရုပ်ဖြစ်ပြီး မိဘနှစ်ပါးလုံးဆုံးပါးသွားတာကြောင့် တစ်ကိုယ်တည်းနေထိုင်အသက်ရှင်နေရတဲ့ အသက်(၁၇) နှစ်အရွယ်ကောင်မလေးတစ်ယောက်နေရာကနေပါဝင်ထားတာပါ။


သူ့ရဲ့သရုပ်ဆောင်ချက်တွေကိုတော့ မကြာသေးခင်ကထွက်ရှိထားတဲ့ Teaser လေးမှာမြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ ရုပ်သံလိုင်းကနေပြီး ယခုလ(၂၄)ရက်မှာ စတင်ထုတ်လွှင့်ပြသသွားမယ့်အကြောင်းကို သတင်းကောင်းပါးထားပါတယ်။ ခါရာနဲ့ မြတ်နိုးအေးတို့ရဲ့အတွဲညီညီသရုပ်ဆောင်ချက်တွေကို ရင်ခုန်နေကြပြီလားနော်….

Source : MyatNoeAye