ဒီဇိုင်နာမျိုးမင်းစိုးကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေကအောင်မြင်နေသလို ကြော်ငြာရိုက်ကူးရေးတွေလည်း လက်ခံရိုက်ကူးနေရတာပါ။ မကြာသေးခင်ကဖြူဖြူထွေးနဲ့အတူကြော်ငြာရိုက်ကူးရေးတွေပြုလုပ်ခဲ့ပြီး တစ်ခေတ်တစ်ခါကပြည်သူချစ်မင်းသမီးနဲ့အတူ TikTok တွေရိုက်ကူးမယ့်အကြောင်းပြောပြလာတာပါ။
ပရိသတ်တွေမျှော်လင့်နေတဲ့ ပြည်သူချစ်မင်းသမီးကတော့ အကယ်ဒမီခင်သန်းနုဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း မျိုးမင်းစိုးကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့အကယ်ဒမီခင်သန်းနုရဲ့ခြံထဲမှာအမှတ်တရရိုက်ထားတာပါ။ ကျန်တော့်ကိုဝင်ဦးပုံစံလေးနုတ်ခမ်းမွှေးကအစအန်တီနုကဖန်တီးပေးထားတာပါ။ မောင်တို့ချယ်ရီမြေဇာတ်ကားထဲကပုံစံလေးTikTok လေးရိုက်ထားပါတယ်။ ညကျမှတင်ပါတော့မယ်နော်…အသက်(၇၅)နှစ်ထိလှပနေတဲ့ဂန္ဓဝင်မင်းသမီးကြီးအန်တီနု” ဆိုပြီးတော့ ပုံတွေနဲ့အတူ ရေးသားဖော်ပြလာတာပါ။
အကယ်ဒမီခင်သန်းနုကတော့ အသက်ကြီးသွားတဲ့အချိန်အထိနုပျိုလှပဆဲဖြစ်သလို ခေတ်ဟောင်းစတိုင်ရိုက်ကူးရေးတွေပြုလုပ်ရာမှာလည်း ချစ်စရာကောင်းနေခဲ့တာပါ။ ပရိသတ်တွေကတော့ မျိုးမင်းစိုးနဲ့ မင်းသမီးကြီးခင်သန်းနုတို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျနေကြတာလည်းဖြစ်ပါတယ်။
Source : MyoMinSoe