ရုပ်ရှင်အဖွဲ့သားတွေအတွက် အခြေခံစားသောက်ကုန်တွေနဲ့Mask တွေပါလှူခဲ့တဲ့ ဝတ်မှုန်ရွှေရည်

Posted on

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ နုပျိုချောမောမှုတွေနဲ့အတူ စတိုင်ကျလှပလွန်းတဲ့မင်းသမီးတစ်လက်ပါ။ သူကတော့ အနုပညာအရည်အချင်းတွေနဲ့ မြန်မာနိုင်ရဲ့ထိပ်တန်းမင်းသမီးနေရာမှာရပ်တည်နေပါသေးတယ်။ အစစအရာရာပြည့်စုံတွေနဲ့မင်းသမီးကတော့ သူ့ပိုင်ဆိုင်မှုတွေကိုလည်း လိုအပ်တဲ့သူတွေဝေမျှပေးဖို့လက်မနှေးတတ်သူပါ။


ကိုဗစ်ကာလကြီးမှာလိုအပ်တဲ့လှူဒါန်းမှုတွေပြုခဲ့သလို အခုလည်း မွေးနေ့အလှူလေးကို တန်ဖိုးရှိစွာပြုလုပ်ခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ သူ့ရဲ့အလှူလေးအကြောင်းကို “ကစ်ရဲ့မွေးနေ့အကြိုအလှူအဖြစ် ရုပ်ရှင်စက်အဖွဲ့ အယောက် ၄၅၀ကို တစ်ဦးလျှင် ဆန်၁၀ပြည်,
ဆီတစ်ပိဿာ,ကြက်ဥ၁ကတ်,ခေါက်ဆွဲခြောက်နဲ့ Face Mask များကိုလှူဒါန်းခဲ့ပါတယ်
၇ရက်သားသမီးအပေါင်း နတ်လူသာဓုခေါ်စေသော် ” ဆိုပြီးတော့ မျှဝေထားသေးတာပါ။


ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်စက်အဖွဲ့သားအယောက်(၄၅၀) အတွက်လည်း အကျိုးရှိတဲ့အလှူပြုလုပ်ခဲ့တာ ပရိသတ်တွေလည်း ဝမ်းသာကြည်နူးမှုတွေကူးစက်နေတော့မှာပါ။ နောက်ထပ်လည်း အနုပညာလောကမှာ နှစ်ပေါင်းများစွာရပ်တည်ကာ ဒီ့ထက်မကလှူနိုင်တန်းနိုင်တဲ့သူဖြစ်ပါစေ ရွှေကစ်ရေ…
Source : WuttHmoneShweYi