ပရိသတ်တစ်ယောက်ရဲ့ ဝမ်းနည်းစရာအခြေအနေကို မသိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်နောင်တရမိတယ်ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်

Posted on

မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့သူ အိုင်ရင်းကတော့ ဒီနေ့မှာ ပရိသတ်တစ်ယောက်နဲ့ပတ်သက်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်မိတဲ့အကြောင်းကို မျှဝေလာခဲ့ပါတယ်။

” ကျွန်မစိတ်မကောင်းဖြစ်ရပါသော အမျိူးသားတစ်ဦး မသိကျွမ်းဘဲ ညနက်သန်းခေါင်ကြီး Audio call နဲ့ခေါ်ပါတယ်… လူစိမ်းလည်း ဖြစ်အမျိူးသားလည်း ဖြစ် ညလည်းနက်နေပြီဆိုတော့ မလိုအပ်ဖူးထင်လို့ မကိုင်ဖြစ်ခဲ့ပါဘူး စိတ်လည်းခုခဲ့ပါတယ်…. သူကတော့ *Swiss ကနေအားပေးနေတယ်နော် * လို့စာပို့သွားတယ် …ဒါလည်း မထူးဆန်းနေခဲ့ပါ ဒါပေသိ•••••အခုသူဆုံးသွားပြီလို့ သူACနဲ့စာတွေ့တော့ (ကျမစိတ်ခုနေခဲ့လို့ ရက်လည်း မကြာသေးလို့ မှတ်မိနေပါတယ်ဒီACကို) ဝင်ကြည့်မှ သူကဆေးရုံတက်နေတဲ့သူ…. ဒါထက်ပိုပြီး တိုင်းတပါးမှာ သူတစ်ယောက်တည်းတဲ့ သူ့အမေကိုလွမ်းကြောင်းရေးထားပြန်သေး….. (အမေတစ်ယောက်တည်းသာရှိတဲ့ ကျွန်မဘဝနဲ့ ကိုယ်ချင်းစာမိပါတယ်) …. ဒီရောဂါဆိုးကြီးနဲ့ သေရမှာ ကြောက်တယ်လို့ ဖတ်မိချိန်မှာ ကျမ နောင်တရမိသလိုဖြစ်သွားရပါတယ်…. သူတင်ထားတဲ့စာအရ * ဆေးရုံက ဖုန်းတစ်နာရီပေးသုံးတဲ့အချိန် သူစာတင်ပါတယ်* တဲ့ …. သူကျွန်မဆီဆက်ဖြစ်တာက အားပေးစကားများကြားချင်လို့လား••• မြန်မာချင်းမို့ စကားပြောချင်တော့ ထိမိထိရာနှိပ်မိသလား…. သူနှစ်သက်တဲ့အဆိုတော်က ကျွန်မများဖြစ်နေလေသလား ?Sorry Bro.. R.I.P ” ဆိုပြီးရေးသားမျှဝေလာပါတယ် ပရိသတ်ကြီးရေ…

အနုပညာရှင်တစ်ယောက်မို့ လူတိုင်းကို စာပြန်၊ စကားပြောနေဖို့ အချိန်မရှိပေမယ့် အိုင်ရင်းကတော့ သူကြုံတွေ့ခဲ့ရတဲ့သူနဲ့ပတ်သက်ပြီး အတွေးပေါင်းများစွာနဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း မျှဝေခဲ့တာပါ။ ဆုံးပါးသွားတဲ့အစ်ကိုကတော့ ရေမြေခြားမှာ တစ်ယောက်တည်း ဆေးရုံတက်ရင်း ကိုယ်ချစ်တဲ့အဆိုတော်နဲ့ စကားပြောချင်ခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ…


Source – Irene Zin Mar Myint
Rainbow- Cele Gabar