ကျော်ထက်အောင်လို့ ဆိုလိုက်ရင်တော့ မြန်မာအိုင်ဒေါရဲ့ Host တစ်ယောက်အနေနဲ့ မီးလေးခဏလောက်မှိတ်ပေးပါ ဆိုတဲ့အသံလေးကို အရင်ကြားယောင်မိမှာပါနော်။ မြန်မာအိုင်ဒေါနဲ့အတူ ပရိသတ်သတိထားမိလာခဲ့တဲ့ကျော်ထက်အောင်ကတော့ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေသူပါ။
မကြာခဏဆိုသလို အလှူအတန်းလုပ်လေ့ရှိသူဖြစ်ပြီး ဒီနေ့မှာတော့ အလှူတွေထဲမှာမြတ်တဲ့အလှူတစ်ခုဖြစ်တဲ့ ပညာအလှူကနေရတဲ့ အသီးအပွင့်လေးကြောင့် ပီတိဖြစ်နေကြောင်းကို မျှဝေလာပါတယ်။ ပြင်ဦးလွင်မြို့မှာရှိတဲ့ စိမ်းလမ်းမြေပရဟိတစာသင်ကျောင်းမှာ ဆယ်တန်းပညာသင်နှစ်တစ်နှစ်လုံးစာအတွက် ကျောင်းသားလေးတစ်ယောက်ကို တာဝန်ယူထောက်ပံ့ခဲ့ပြီး ဒီနေ့အောင်စာရင်းထွက်ချိန်မှာတော့ အောင်မြင်ရုံသာမက ဇီဝဗေဒဂုဏ်ထူးတစ်ခုပါ ပါတဲ့ ကျောင်းသားလေးကြောင့် ကျော်ထက်အောင်ကတော့ ဝမ်းသာပီတိဖြစ်နေရပါတယ်တဲ့ ပရိသတ်ကြီးရေ…
ကျော်ထက်အောင်ကတော့ အခုလိုထောက်ပံ့ရကျိုးနပ်အောင် ကြိုးစားပေးကြတဲ့ကလေးတွေကြောင့် နောက်နှစ်လည်း ထပ်မံလှူဒါန်းပေးသွားမှာဖြစ်ပြီး ဆယ်တန်းစာမေးပွဲကြီးကို မကျော်လွှားနိုင်ခဲ့တဲ့ကလေးတွေလည်း အားမငယ်ကြဖို့ အားပေးစကားပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးရေ… ကိုယ်ထောက်ပံ့ပေးလိုက်တဲ့ကလေးလေး ထူးထူးချွန်ချွန်နဲ့အောင်မြင်တာကြောင့် ဝမ်းသာနေတဲ့ကျော်ထက်အောင်ရဲ့ ပီတိအပျော်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Kyaw Htet Aung
Rainbow- Cele Gabar