ထူးထူးခြားခြားချစ်စရာကောင်းနေခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ မွေးနေ့ပုံရိပ်များ

ပရိသတ်အချစ်တော်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဒီနေ့လေးမှာအသက်(၃၂)နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့တဲ့ရွှေကစ်ကတော့ အနုပညာသက်တမ်းလည်း ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ သိပ်မကြာသေးခင်ရက်ပိုင်းကလည်း ရုပ်ရှင်အဖွဲ့သားတွေအတွက် အခြေခံစားသောက်ကုန်နဲ့ Mask တွေကို လှူဒါန်းခဲ့ပါသေးတယ်။


ဝတ်မှုန်ရွှေရည်ကတော့ ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့သာမက ကြော်ငြာတော်တော်များများမှာလည်း နေရာယူထားနိုင်သူတစ်ယောက်ပါ။ သူ့ရဲ့မွေးနေ့မှာတော့ မိသားစု၊သူငယ်ချင်းတွေသာမက ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြပါတယ်။ ဘယ်လိုပုံပဲရိုက်ရိုက် Photogenic ဖြစ်လွန်းတဲ့ ရွှေကစ်ကတော့ သူ့ရဲ့မွေးနေ့မှာထူးထူးခြားခြားလေးရိုက်ခဲ့ပြီး “Birthday girl good vibes” ဆိုပြီးတော့ ရေးသားထားတာပါ။


ချစ်စရာကောင်းတဲ့ပုံလေးတွေကိုတော့ ပရိသတ်ကြီးကိုပြန်လည်မျှဝေလိုက်ပါတယ်။ မင်းသမီးချောလေးဝတ်မှုန်ရွှေရည်တစ်ယောက် ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အနုပညာလောကမှာ အောင်မြင်မှုများစွာသက်ဆုံးတိုင်ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


Source :WuttHmoneShweYi

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x