Miss တစ်ယောက်ဖြစ်သလို Myanmar Idol Season-4 ရဲ့ Top-10 ထိ ပါဝင်ခဲ့တဲ့ ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာပရိသတ်တွေသိပြီးဖြစ်မှာပါနေယ် ။ လတ်တလောမှာတော့ အောင်မြင့်မြတ်ကိုယ်တိုင် ရေးစပ်ပေးထားတဲ့ ” မင်းပေးတဲ့ နာရီ ” ဆိုတဲ့သီချင်းသစ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒီသီချင်းလေးကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထဲက အရမ်း ကြိုက်လွန်းလို့ သူငယ်ချင်းအောင်မြင့်မြတ် ဆီမှာ သေချာ အပ်ပီးရေးခိုင်းခဲ့ရတဲ့ အမှတ်တရ သီချင်းလေးဖြစ်တယ်လို့သိရပါတယ် ။
ဒီကြားထဲ မအားလပ်တာတွေနဲ့သေချာ မထုတ်ဖြစ်လိုက်တဲ့အတွက် သီချင်းဝယ်ထားတာက စာချုပ်ကလဲ နှစ်ပြည့် သွားပီဆိုတော့ ထွက်ခွင့်လဲ မရှိတော့အခုမှ အောင်မြင့်မြတ် ဆီမှာ ခွင့်တောင်းပီး Cover အနေနဲ့ ပဲ ပြန်ဆိုပီး တင်ပေးလိုက်တာဖြစ်တယ်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ အခွင့်ခါသင့်ရင်တော့ MTV လေးသေချာရိုက်ပီး တင်ပေးဦးမယ်လို့ပရိသတ်တွေအသိပေးခဲ့ပါသေးတယ် ။
သူမအရမ်းကြိုက်တဲ့ သီချင်းလေးဖြစ်လို့ MTV အဖြစ်သေချာရိုက်ကူးပြီး ပရိသတ်တွေဆီအရောက်ပို့ပေးဦးမှာဖြစ်လို့ ခြူးစစ်ရဲ့ ပရိသတ်တွေကလည်း စောင့်မျှော်ပေးကြပါဦးနော် ။ အခုတော့ ခြူးစစ်သီဆိုထားတဲ့ မင်းပေးတဲ့နာရီသီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် နော် ။
Source : Chuu Sitt Han
Emily (Cele Gabar)