မန္တလေးမြို့မှာ မာလာရှမ်းကောရောင်းရငွေနဲ့ သက်ကြီးအဘိုးအဘွားတွေကို လှူဒါန်းပေးခဲ့တဲ့ နန်းခင်ဇေယျာ

အလှမယ်နန်းခင်ဇေယျာကတော့ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း လူသားအကျိုးပြုအလုပ်တွေပါ လုပ်ကိုင်နေသူပါ။ စံပြအလှမယ်တစ်ယောက်အနေနဲ့ လူအား၊ငွေအားနဲ့ လိုအပ်တဲ့နေရာတိုင်းကို တတ်နိုင်သမျှကူညီနေသူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း မန္တလေးမြို့က သက်ကြီးအဘိုးအဘွားတွေအတွက် မွန်မြတ်တဲ့စေတနာအရင်းခံပြီး လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

နန်းခင်ကတော့ ကိုဗစ်ကာလစတင်ကတည်းက ရန်ကုန်မှာ မာလာရှမ်းကောရောင်းချခဲ့သူဖြစ်ပြီး နန်းခင်ရဲ့မာလာရှမ်းကောကတော့ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီတစ်ခေါက်မှာတော့ နန်းခင်ရဲ့မာလာရှမ်းကောလက်ရာကို မြည်းစမ်းချင်တဲ့ မန္တလေးမြို့က ပရိသတ်ကြီးအတွက် သွားရောက်ရောင်းချပေးခဲ့ပြီး ရရှိလာတဲ့အမြတ်ငွေတွေနဲ့ မန္တလေးမြို့က သက်ကြီးအဘိုး၊အဘွား(၁၀) ဦးကို ဆန်၊ဆီ၊ ထမင်းဘူးနဲ့ ငွေကြေးလှူဒါန်းပေးခဲ့ပါတယ်။

ဒ့ါအပြင် သူ့ရဲ့အလှူလေးအတွက် ” နန်းခင်လှူဒါန်းပေးခဲ့တဲ့အလှူလေးကလည်း လာရောက်အားပေးကြတဲ့ Customers တစ်ယောက်ချင်းစီရဲ့အလှူဖြစ်တာမို့ အားလုံးလည်း ကောင်းမှုကုသိုလ်များရကြပါစေရှင့်” ဆိုပြီး အားပေးကြတဲ့သူပါ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ အလှူလေးကို မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… တကယ်လိုအပ်နေတဲ့ အဘိုးအဘွားတွေကို ရှာဖွေလှူဒါန်းပေးခဲ့တဲ့ နန်းခင်ရဲ့ကြည်နူးဖွယ်ရာအလှူဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Nan Khin Zay Yar- နန်းခင်ဇေယျာ
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x