အမိုက်စားသံစဉ်၊ စာသားတွေနဲ့ မူးလာရဲ့ သီချင်းအသစ်လေး

မူးလာကတော့ မြန်မာအိုင်ဒေါ Season -4 ရဲ့ ပရိသတ်အများဆုံးဝန်းရံအားပေးခြင်းခံရတဲ့ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ပါ။ အမြဲစစနောက်နောက်နဲ့ ပျော်အောင်နေတတ်တဲ့ မူးလာရဲ့ပုံစံလေးကြောင့် အမျိုးသမီးပရိသတ်တွေ အများဆုံးဝန်းရံအားပေးခဲ့တယ်လို့ ဆိုရမှာပါ။

ပြိုင်ပွဲကြီးပြီးကတည်းက ကြော်ငြာရိုက်ကူးရေးနဲ့ ဖျော်ဖြေပွဲတွေဆက်နေတဲ့ မူးလာကတော့ ဒီနေ့မှာ ပရိသတ်တွေအတွက် သူ့ရဲ့ကိုယ်ပိုင်သီချင်းအသစ်လေးကို ချပြခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ “ပတ်ဝန်းကျင်”လို့ နာမည်ပေးထားပြီး “အတ္တ ၏ အငွေ့အသက်များကြား သိမ်ဖျင်းသော မျက်လုံးများ၏ခံစားမှု… ဟန်ဆောင်အပြုံးများရဲ့ လှည့်ကွက်များနောက်ကွယ် ဆိတ်ငြိမ်သော “ပတ်ဝန်းကျင်” တစ်ခုအားရည်မှန်းလျက်” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေပေးခဲ့ပါတယ်။

မူးလာရဲ့သီချင်းအသစ်လေးကတော့ မျှော်နေတဲ့သူတွေမျှော်ရကျိုးနပ်စေမှာ အမှန်ပါပဲပရိသတ်ကြီးရေ… ဝါရင့်အဆိုတော်တစ်ယောက်ဆိုထားတဲ့အလား သီချင်းနဲ့လိုက်ဖက်ညီလွန်းတာကြောင့် နားထောင်သူတွေပါ မူးလာရဲ့သီချင်းသံနဲ့အတူ လိုက်ပါစီးမျောခံစားမိစေမှာ အမှန်ပါပဲ။ မူးလာရဲ့ကိုယ်ပိုင်သီချင်းလေးကို စောင့်မျှော်နေတဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Saw Chris Mooler- မူးလာ
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x