အလှူပြုဖြစ်ခဲ့တဲ့အပျော်ပီတီတွေကို အခြားသူတွေကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့ပရိသတ်တွေသိကြတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ ဘာသာတရားကိုရိုသေကိုင်းရှိုင်းသူတစ်ယောက်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ ကျက်သရေရှိပြီးတည်ငြိမ်အေးချမ်းတဲ့မင်းသမီးချောလေးကတော့ ဇာတ်ရုပ်တွေနဲ့လိုက်ဖက်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေသိပြီးသား ဖြစ်မှာပါ။


ပိုးကြာဖြူခင်ကတော့ အခုရက်ပိုင်းအတွင်းမှာ အလှူအတန်းတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး သူ့ရဲ့အလှူတွေကိုလည်း ပရိသတ်တွေကပါကြည်နူးနေရတာပါ။ ဒီနေ့မှာတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ပုလဲရွာဘုရားမှာ ပန်းလှူခဲ့ပါတယ် ကိုယ့်ရဲ့အပျော်နဲ့ပီတိတွေ ကို မြင်သူတိုင်း စိတ်ချမ်းသာပါစေ” ဆိုပြီးတော့ ပုံရိပ်လေးတွေကို မျှဝေခဲ့တာပါ။ ပရိသတ်တွေကတော့ သူ့ရဲ့အလှူဒါနနဲ့အတူအပျော်ပီတိတွေကို ကြည့်ပြီးကြည်နူးပီတိဖြစ်ခဲ့ကြပါတယ်။


ပိုးကြာဖြူခင်ကတော့ မဟာမြိုင်တောရကိုသွားရောက်တရားအားထုတ်ခဲ့သလို သန်လျင်မှာရှိတဲ့ မယ်သီလရှင်ကျောင်းကဆောက်လုပ်ရာမှာလည်း လှူဒါန်းခဲ့ပါသေးတယ်။ မကြာသေးခင်ကလည်း ဝါဆိုသင်္ကန်းကပ်ခဲ့သလို အခုလည်းရွာဘုရားမှာပန်းတွေအလှူဒါနပြုခဲ့သလို ဥပုသ်စောင့်ဦးမှာလည်း ဖြစ်ပါတယ်တဲ့ပရိသတ်ကြီးရေ…ပိုးကြာဖြူခင်ကတော့ တကယ့်ကိုလေးစားစရာပါပဲနော်…


Source : PoeKyarPhyuKhin

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x