ဆောင်းယွန်းစံကတော့ ပရိသတ်တွေရင်းနှီးပြီးသားအနုပညာရှင်တွေထဲကတစ်ယောက်လို့ဆိုရမှာပါ။ တစ်ချိန်ကရွှေကြိုအဖြစ်ကနေပြီး လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် ပရိသတ်တွေသတိထားမိကြမယ်ထင်ပါတယ်။
ဆောင်းယွန်းစံတစ်ယောက်ကတော့ လိုအပ်တဲ့နေရာမှာအလှူဒါနတွေပြုလေ့ရှိသလို သူ့ရဲ့ပရိသတ်တွေကလည်း သဒ္ဓါတရားထက်သန်တဲ့သူတွေပါ။ ပရိသတ်တွေစုပေါင်းလှူပေးခဲ့တဲ့ သူ့ရဲ့အလှူအကြောင်းကို “မွန်မြတ်စိတ်ထား ခိုကိုးရာမဲ့ ဂီလာနဘိုးဘွားရိပ်သာမှာလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးများ ဆောင်းယွန်းရဲ့အလှူက ချစ်ရတဲ့ fans တွေရဲ့အလှူပါ..ကုသိုလ် အားလုံးကိုမျှဝေပါတယ်” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားကာ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။
ဆောင်းယွန်းစံကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့အတူ အလှူပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေထားတာ အခြားသူတွေအတွက်လည်း ကြည်နူးစေပါတယ်။ဆောင်းယွန်းစံရဲ့ပရိသတ်တွေကတော့ ဆောင်းယွန်းစံလိုပဲစိတ်သဘောထားထပ်တူကျတဲ့သူတွေပါပဲနော်…
Source : SaungYoonSan, Photo Crd:ThuRein