မွေးနေ့ရက်လေးမှာ အလှူတွေ ဆက်တိုက်လုပ်ခဲ့တဲ့ ဖွေးစိန်လေး

ပြီးခဲ့တဲ့ သြဂုတ်လ(၈) ရက်နေ့မှာ အသက်(၃၂) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဖွေးစိန်လေးကတော့ မွေးနေ့အတွက် သူတတ်နိုင်တဲ့ဘက်ကနေ အလှူတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ရက်မြတ်လေးမှာ ကောင်းမှုကုသိုလ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ဖွေးဖွေးကတော့ ဒီနေ့မှာ သူပြုလုပ်ခဲ့တဲ့အလှူလေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

သူ့ရဲ့မွေးနေ့ရက်လေးမှာ သရုပ်ဆောင်လူရွှင်တော်၊ကိုလူချောအဖွဲ့နဲ့ စက်မှုအလွှာမှ သက်ကြီးပညာရှင်များအတွက် အလှူငွေ စုစုပေါင်း (၇၆)သိန်းလှူဒါန်းပေးခဲ့ပြီး မာမီကွတ်ရင်သွေးလေးများဂေဟာမှာလည်း ကလေးတွေအတွက်အလှူငွေ(၁၁)သိန်းနဲ့ မုန့်တွေလှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် မေတ္တာရောင်ခြည် သီလရှင်ကျောင်းက ဆရာလေး(၁၅၀)အတွက် မုန့်(၉)မျိုး၊ သဘက်၊ နဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်အတွက်လည်း အလှူငွေ(၉)သိန်း လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ… ဖွေးစိန်လေးကတော့ သူ့ရဲ့မွေးနေ့အလှူလေးတွေကို ဒီနေ့မှာမျှဝေပေးခဲ့တာမို့ ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source – Phway Phway
Photo Credit- မောင်သိန်း(ဒဿနိက)၊ Amazing Grace
Rainbow- Cele Gabar

Check Also

အဖွားဖြစ်သူ ဆုံးပါးကွယ်လွန်သွားတဲ့ စိတ်မကောင်းစရာသတင်းလေးကို မျှဝေလာခဲ့တဲ့ ပိုးမီ

ပရိသတ်ကြီးရေ ပိုးမီကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်နေခဲ့စဉ်ကတည်းကပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့ပြီး လက်ရှိအချိန်မှာလည်း အဆိုတော်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပါတယ်။ ပိုးမီကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို …

x