ရဝေအောင်၊မျိုးသန္တာထွန်းတို့နဲ့အတူ Tik Tok ဗွီဒီယိုလေးတွေ ရိုက်ကူးခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေသူတစ်ယောက်ပါ။ အနုပညာရှင်တွေရဲ့အင်္ကျီတွေကို အများဆုံးဖန်တီးပေးရလေ့ရှိသူတစ်ယောက်မို့ ဒီဇိုင်နာမျိုးမင်းစိုးကိုတော့ အနုပညာရှင်တွေနဲ့မကြာခဏဆိုသလို တွဲမြင်ရမှာပါ။

သူကိုယ်တိုင်လည်း လတ်တလောမှာ ဝါသနာကိုအခြေခံပြီး အနုပညာအလုပ်တချို့နဲ့ ကြော်ငြာတွေ လက်ခံရိုက်ကူးလာတာကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် ဒီဇိုင်နာမျိုးမင်းစိုးကတော့ Tik Tok ဆော့တာလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး မန္တလေးမြို့ကို ရောက်ရှိလာတဲ့အနုပညာရှင်တွေနဲ့လည်း Tik Tok တွဲဖက်ရိုက်ကူးကာ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့တဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ ရဝေအောင်နဲ့ အကယ်ဒမီမျိုးသန္တာထွန်းတို့ မန္တလေးမြို့ကို ရောက်တုန်းရောက်ခိုက် သူတို့နဲ့အတူတူ Tik Tok လေးရိုက်ကူးကာ မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… ပရိသတ်ရဲ့အချစ်တော်အနုပညာရှင်သုံးယောက် အတူတူရှိတုန်း ဖန်တီးခဲ့တဲ့ ပျော်စရာအချိန်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Myo Minn Soe
Rainbow- Cele Gabar