ဇနီးဖြစ်သူရဲ့မွေးနေ့မှာချစ်စရာကောင်းအောင် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နေဝင်း

Posted on

ပရိသတ်တွေအားကျနေရတဲ့အနုပညာရှင်စုံတွဲတွေထဲမှာတော့ နေဝင်းနဲ့အိမ့်ချစ်ချောတို့စုံတွဲကတော့ ပါဝင်နေပါတယ်။ ချစ်သူသက်တမ်းကြာနေပြီဖြစ်သလို ရိုမန်တစ်ဆန်တဲ့အပြုအမူလေးတွေက အခြားသူတွေကိုအားကျနေစေတဲ့စုံတွဲလေးဖြစ်ပြီး လက်ရှိအချိန်မှာတော့ လက်ထပ်သွားခဲ့ကြပြီဖြစ်ပါတယ်။


နေဝင်းတော့ ချစ်သူလေးရဲ့မွေးနေ့လေးမှာ ချစ်စရာကောင်းတဲ့မွေးနေ့ဆုတောင်းလေးတွေနဲ့ ဆုတောင်းပေးလိုက်ပြန်ပါတယ်။ နေဝင်းကတော့ သူတို့နှစ်ဦးရဲ့ပုံရိပ်လေးနဲ့အတူ “Happy Birthday ပါ ချစ်ဆုံးလေး … ထာဝရပျော်ရွှင် ကျန်းမာ ပြီး မိသားစုနဲ့အတူတစ်ကွ ချစ်ခင်စွာနေထိုင်ပြီး ဝါသနာပါတဲ့ ခရီးသွားအလုပ်နဲ့ များစွာ ကျော်ကြားအောင်မြင်ပြီး ဘိုးတော် ကိုလဲ ပိုချစ်နိုင်ပါစေ… I love you baby … mwah mwah mwah .. pyouk pyouk pyouk” ဆိုပြီးတော့ ရေးသားထားပါတယ်။


နေဝင်းကတော့ပရိသတ်ချစ်တဲ့ ရက်ပ်အဆိုတော်တစ်ဦးဖြစ်သလို အိမ့်ချစ်ချောကလည်း နာမည်ကျော်ဘလော့ဂါတစ်ယောက်လည်း ဖြစ်တာကြောင့် လူသိများလှသူနှစ်ဦးပါ။ အိမ့်ချစ်ချောတစ်ယောက်မွေးနေ့မှသည် ချစ်ခင်ပွန်းနဲ့အတူသက်ဆုံးတိုင် အောင်မြင်ပျော်ရွှင်မှုတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : NayWinEainyChitChaw