ပရိသတ်ရဲ့အချစ်တော်သဇင်ထူးမြင့်နဲ့ အမြဲတတွဲတွဲတွေ့မြင်ရလေ့ရှိတဲ့ အမြွာညီအစ်ကိုနှစ်ယောက်ကိုတော့ ပရိသတ်ကြီးသိကြလိမ့်မယ်ထင်ပါတယ်နော်။ သူတို့နှစ်ဦးကတော့ သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်နဲ့အတူ Dream Do Create Page လေးဖွင့်ပြီး ပျော်စရာဂိမ်းအစီအစဉ်တွေနဲ့ အခြားဗွီဒီယိုလေးတွေ ရိုက်ကူးမျှဝေလျက်ရှိပါတယ်။
ဒါ့အပြင် Twin Guys II It’s my Lifestyle Page လေးမှာလည်း ပညာပေးဗွီဒီယိုလေးတွေ ရိုက်ကူးကာ မျှဝေလျက်ရှိပြီး အားပေးသူပရိသတ်အခိုင်အမာရရှိထားပါတယ်။ ဒီနေ့ကတော့ အမြွာညီအစ်ကိုနှစ်ယောက်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သဲလေးကတော့ ” Happy Birthday ကိုကြီးတို့ အများကြီးအောင်မြင်ပါစေ…ဝိတ်လည်း ချမနေပါနဲ့…. အတူတူဝကြတာပေါ့…… ညီမလေးဆုတောင်းပေးတယ်နော်Happy Birthday … ကိုကြီးတို့ အများကြီးအောင်မြင်ပါစေ…ဝိတ်လည်း ချမနေပါနဲ့… အတူတူဝကြတာပေါ့….ညီမလေးဆုတောင်းပေးတယ်နော် ” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…
ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်လေးကစပြီး ကိုယ်ဖန်တီးချပြချင်တဲ့အနုပညာအလုပ်တွေကို စိတ်ရှိတိုင်းလုပ်နိုင်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိတဲ့ အနုပညာရှင်တွေ ဖြစ်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Thazin Htoo Myint
Rainbow- Cele Gabar