အမိုက်စားဖန်တီးပုံဖော်မှုတွေနဲ့အတူ ဖြူဖြူရဲ့ “သဝန်တိုတာ အရမ်းချစ်လို့ ” သီချင်းဗွီဒီယိုလေး

ဖြူဖြူကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ ဆယ်စုနှစ်တစ်ခုကျော်စာ အောင်မြင်မှုကို ထိန်းထားနိုင်သူတစ်ယောက်ဖြစ်သလို ခေတ်ရှေ့ပြေးဖက်ရှင်တွေကို အဆန်းထွင်ဝတ်လေ့ရှိတာကြောင့် ပရိသတ်စိတ်ဝင်စားမှုအထူးရရှိထားသူပါ။

ဖြူဖြူကတော့ လတ်တလောမှာ သီချင်းအသစ်တွေကို ဆက်တိုက်ဆိုသလို ချပြနေပြီး ဒီနေ့မှာလည်း Cobra နဲ့အတူ သီဆိုထားတဲ့ “သဝန်တိုတာအရမ်းချစ်လို့” ဆိုတဲ့ သီချင်းဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ်။ သီချင်းလေးကလည်း ဆန်းသလို သီချင်းဗွီဒီယိုလေးကိုလည်း ဖြူဖြူနဲ့ ပရိသတ်တွေအမြဲလိုလိုစနောက်လေ့ရှိတဲ့ ကျော်ထက်အောင်နဲ့အတူ အမိုက်စားပုံဖော် ရိုက်ကူးထားပါတယ်။

 

လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေအမြဲ စနောက်နေတဲ့ ဖြူဖြူနဲ့ ကျော်ထက်အောင်တို့ နှစ်ယောက် ဒီဗွီဒီယိုလေးထဲမှာရော ဘယ်လိုတွေတောင် မိမိုက်နေလဲသိရဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။ “သဝန်တိုတာအရမ်းချစ်လို့ ” သီချင်းဗွီဒီယိုလေးကြည့်ပြီး ဖြူဖြူနဲ့အတူ လိုက်မငိုကြေးနော်။

Source – Phyu Phyu Kyaw Thein
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x