မွေးနေ့လေးမှာ သူ့ရဲ့ခံစားချက်တွေကို မျှဝေလာတဲ့ စန္ဒီမြင့်လွင်

Posted on

ပရိသတ်တွေဒီးဒီလို့သိကြတဲ့ စန္ဒီမြင့်လွင်ကတော့ သီချင်းကောင်းတွေနဲ့ပရိသတ်အချစ်တွေကို ရယူခဲ့တဲ့အဆိုတော်တစ်ယောက်ပါ။ တစ်ချိန်ကခပ်မိုက်မိုက်ခပ်ဂေါ်ဂေါ်အဆိုတော်မလေးကတော့ အခုအချိန်မှာကိုယ်ပိုင်မိသားစုလေးနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဒီနေ့လေးကတော့ ဒီးဒီရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။


မွေးနေ့လေးမှာတော့ သူ့ရဲ့ခံစားချက်နဲ့ဆုံးဖြတ်ချက်တွေကို ဖေ့ဘွတ်ခ်မှာ “ဒီနေ့ (၃၄)နှစ် ပြည့်ခဲ့ပီ။ (၃၄)နှစ်ထက် ပိုပြီး ရင့်ကျက်နိုင်အောင်ကြိုးစားနေပါတယ်။ ဘဝမှာကြွေးဟောင်းတွေဆပ်ရင်းကြွေးသစ်ချနေသူတစ်ယောက်ပါ။ ဘယ်သူကကိုယ့်ကိုဘယ်လိုသဘောတွေပဲထားထား၊ သည်းခံနိုင်သလောက် သည်းခံခဲ့ပါတယ် (ကိုယ်ပြန်ပြောလိုက်ရင် တစ်ခွန်းထဲနဲ့သေသွားကြမှာ စိုးလို့ပါ)ဘယ်သူ့ကိုယ့်အပေါ်ချစ်ချစ် ၊ မချစ်ချစ် အရင်လို ဝမ်းမနည်းတတ်တော့ပါဘူး။
ခုဆို ကိုယ့်ကိုချစ်တဲ့သမီးလေး၊ ကိုယ့်ကိုချစ်တဲ့ထရက်ရှာ့ဖေဖေ၊ ကိုယ့်ကိုချစ်တဲ့အဖေနဲ့အမေ သူတို့အတွက်၊ ပြီးတော့ ကိုယ့်ကိုချစ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ Hardcore fan group သူတို့အတွက်အသက်ရှင်နေတယ်။ ပျော်တယ်၊ ကျေနပ်တယ်။


ဒီနေ့အထိ ဘဝမှာ နောင်တရစရာ ဘာမှမရှိခဲ့ဘူး။ နောင်တရစေမယ့် အရာဘာမှ မလုပ်ခဲ့ဘူး။ ဖြစ်လာသမျှ အရာအားလုံးကို လက်ခံပီး အသက်ဆက်ရှင်သွားမယ်။ဒေါသကြီးပြီး မဟုတ်မခံတတ်တဲ့စိတ်တွေ မရှိတော့ပေမယ့် ကိုယ့်သမီးလေးနဲ့ မိသားစုအတွက်ဆိုရင် ရှင်းသင့်တာရှင်းဖို့ အားအပြည့်နဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်ပေးသွားမယ် ။ ပြောချင်တာကလေ အခု (၃၄)နှစ်အရွယ်မှာ အနားမှာ ချစ်တဲ့မိသားစုရယ်၊ မိတ်ဆွေကောင်းတွေရယ်၊ ချစ်တဲ့ပရိတ်သတ်တွေရယ် အများကြီး ကိုယ့်အနားမှာရှိနေတုန်းမလို့ ကျေနပ်တယ်။ ပြီးတော့ လူတွေနဲ့ပက်သက်လို့လည်း ဘယ်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းဆုံးစိတ်အခံနဲ့ ဆက်ဆံပေးခဲ့တာဖြစ်လို့ လူတိုင်းအပေါ်မှာ ဒီးဒီလိပ်ပြာလုံတယ်။ မကောင်းလို့ ဘဝထဲက ထုတ်လိုက်တဲ့သူတွေကို ပြန်လာပါ မျှော်လင့်ချက်လုံးဝမရှိတော့သလို ကြုံကြိုက်ရင်တောင် သတိတရ ရှိမနေတတ်တော့ဘူး။ ကိုယ့်ထက်သာရင် ဝမ်းသာပေးလိုက်မယ် ၊ ကိုယ့်အောက်ရောက်နေလို့ ကူနိုင်၊ကယ်နိုင်ရင် ကူပေးလိုက်မယ်။ အဲဒီစိတ်တွေပဲရှိတော့တယ် ။


ဒါပေမယ့် ဘယ်သူ ကိုယ့်အပေါ်မှာ ဘယ်လိုစိတ်ရှိတယ်ဆိုတာတော့ ကောင်းကောင်းကြီးသိခဲ့ပြီ။ ဟုတ်ကဲ့။ (၃၄)နှစ်ပြည့် မွေးနေ့က စပြီး မျက်နှာဖုံးစွပ်နဲ့ဘဝထဲဝင်လာပြီး ပြန်ထွက်ခါနီးမှ မျက်နှာဖုံးကွာကျတဲ့လူတွေနဲ့ မဆုံရအောင် လူပေါင်းမမှားဖို့ ပိုကြိုးစားမှာပါလို့။ စကားမစပ် မဲလည်း စစ်ကြအုံးနော်။ ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ်တိုင်တင်ဖို့ မဲပေးဖို့တော့လိုတယ်နော်။ ဒီးဒီတော့ စစ်ပြီးပြီ။ တစ်မိသားစုလုံး All Right ” ဆိုပြီးတော့ စာအရှည်ကြီးရေးသားသားခဲ့တာပါ။ ဒီးဒီတစ်ယောက် အသက်ဆုံးတိုင်အောင်မြင်ပျော်ရွှင်တဲ့ဘဝနေ့ရက်တွေဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : SandyMyintLwin