ချစ်သက်တမ်း (၂) နှစ်ပြည့်လေးမှာ ဘေဘီမောင်အတွက် ရင်ထဲကချစ်စကားလေးတွေဆိုခဲ့တဲ့ သားဂန်း

သီချင်းအေးအေးလေးတွေ သီဆိုပြီး ပရိသတ်အသည်းကိုခြွေယူတတ်တဲ့ သားဂန်းကတော့ ဒီနေ့မှာလည်း ဘေဘီမောင်ရဲ့အသည်းကို ကြည်နူးစရာချစ်စကားလေးတွေနဲ့ ခြွေယူလိုက်ပြန်ပါပြီ။ သူတို့နှစ်ဦးကတော့ မနဲ့မောင် အတွဲလေးဖြစ်သလို တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်တတ်လွန်းတာကြောင့် ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်စုံတွဲလေးပါ။

ဒီနေ့လေးကတော့ သူတို့နှစ်ယောက်ရဲ့ချစ်သက်တမ်း (၂) နှစ်ပြည့်နေ့လေးဖြစ်ပြီး သားဂန်းကတော့ ” Happy Anniversary My lovely… သတိတရရှိပေးတဲ့ We Love ညီ ညီမလေးတို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ… ဒီကမ္ဘာကြီးတစ်ခုလုံးမှာ သူမရင်ခွင်တစ်ခုကိုပဲ တမ်းတမ်းတတဖက်တွယ်ခဲ့တာ… သူမ ရှိနေရင် ကဣစ္ဆာသယ ပမာ…. ကျတော့ဘဝပြည့်စုံခဲ့တာပါ…. ကျတော့တို့ချစ်ခြင်းမှတ်တိုင်(၂) နှစ်ပြည့်ခဲ့ပြီလေ” ဆိုပြီး အကြင်နာစကားလေးတွေနဲ့ ချစ်သက်တမ်း(၂) နှစ်ပြည့်သွားပြီဖြစ်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ ဒီနေ့လေးမှာတော့ သူတို့ကိုချစ်တဲ့ အမာခံပရိသတ်တွေဆီကနေလည်း သတိတရလာပေးတဲ့ နှစ်ပတ်လည်လက်ဆောင်လေးတွေ လက်ခံရရှိခဲ့တဲ့အကြောင်းလည်း မျှဝေခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…

ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ဘေဘီနဲ့ ဘေဘီဆိုးသမျှ အစ်ကိုတစ်ယောက်လို သည်းခံပြီးချစ်ပေးတတ်တဲ့ သားဂန်းတို့ အတွဲလေးကတော့ တကယ်ကို ရွှေလက်တွဲမြဲမယ့် အတွဲလေးပါပဲ ပရိသတ်ကြီးရေ.. နှစ်ပတ်လည်နေ့တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပြီး ဒီထက်မက တိုးတိုးပြီး ချစ်နိုင်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Thar Gan
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x