မြန်မာဆန်ဆန်အဖြူရောင်ဝတ်စုံလေးနဲ့အတူ အမှတ်တရတွေကိုမျှဝေလာတဲ့ ချစ်သုဝေ

Posted on

ချစ်သုဝေကတော့ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတာပါ။ ဒါ့အပြင် ပညာရေးမှာထူးချွန်သလို ပရဟိတတွေကိုစိတ်အားထက်ထက်သန်သန်လုပ်တာကြောင့် လေးစားအားကျစရာကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့မနေ့ကမွေးနေ့ရက်မြတ်လေးကျရောက်ခဲ့တာဖြစ်ပြီး Surprise လုပ်ပေးတဲ့သူတွေကြောင့် ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ်။


ဒီနေ့မှာတော့ အသက်တစ်နှစ်ကြီးသွားပြီဖြစ်တဲ့ထရီဇာတစ်ယောက်က အဖြူရောင်မြန်မာဝတ်စုံလေးနဲ့အတူ “အသက် ၃၆ စိတ်မြန်တယ်..ဘယ်လောက်မြန်လဲဆို စိတ်ကမှန်းရင်လူကချက်ချင်းလိုက်လုပ်တတ်တာမျိုး စိတ်ရှင်းရှင်းပဲထားတယ် (ဘယ်လောက်ရှင်းချင်လဲဆို ကိုယ့်ကို လာဝှေ့ပတ်မယ်, ကွေ့ဝိုက်နေမယ် ကောက်နေမယ်ဆို မိတ်ဆွေတွေဆို မျက်နှာချင်းဆိုင်မေးပြီးသားပဲ။ အသိတွေဆို ဒစ်ပလိုမက်တစ်တွေဘာတွေကိုခေါင်းထဲမထားဘူး ဟန်ဆောင်ပြီးမရီပြချင်ဘူး(အန္တာရယ်ရှိမှန်းသိရက်နဲ့ဘာလို့အပေါ်ယံပေါင်းရမှာလဲနော်)။


သူစိမ်းဆိုရင်တော့ ဥပက္ခာပဲ ဒေါသကြီးတယ် နှုတ်မချိုဘူး ခွင့်လွှတ်လွယ်တယ်ချစ်တတ်တာလည်း စိတ်ကုန်စရာ ပြောမနေနဲ့တော့ ကွယ်ရာမှာလည်းဒီလူ ဒီစိတ် ဒီနှုတ် ဒီခံယူချက်ပဲ ရှေ့မှာလည်းဒီတိုင်းပဲ.. ဒီတော့ကားပြင်ရမယ့်မကောင်းတဲ့အချက်အတော်များသပေါ့…ဒါတောင်ကိုယ့်ကိုချစ်ပေးကြတဲ့ကိုယ့်အနားက ကိုယ့်အဝေးကသူတွေကြောင့် tre lay ဟာ တအားကို ကံကောင်းပါသည်ဟုမှတ်ယူရင်း…Wish လုပ်ပေးကြသူတစ်ယောက်ချင်းစီလည်း စိတ်ချမ်းသာ၍လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံနိုင်ပါစေ..” ဆိုပြီးတော့ ရေးသားထားတာပါ။


ချစ်သုဝေကတော့ ပရဟတိအလုပ်တွေကိုလုပ်နေတာသာမက မိသားစုကိုလည်း အချိန်ပေးကာအကောင်းဆုံးကြိုးစားတဲ့သူတစ်ယောက်ပါ။ အခုလည်း အနားကလူတွေသာမက အဝေးကလူတွေကပါချစ်ကြတာကြောင့် ပျော်နေကြပါတယ်တဲ့နော်…


Source : ChitThuWai