တခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ရတဲ့ မော်ဒယ်လ်မင်းသမီးဘဝကနေ အနားယူကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ ယနေ့မှာ သူ့ရဲ့ နာမည်အသုံးပြုကာ လိမ်လည်နေတဲ့ Page အတုတွေကို သတိထားဖို့ပြောထားပါတယ်။ စမိုင်းလ်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ အလှူရေစက်လက်နဲ့မကွာဆိုသလို လိုအပ်တဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေလည်း ပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ Page အတုတွေကနေ စမိုင်းလ်ရဲ့နာမည်နဲ့ပုံတွေသုံးကာ Like ရအောင် ပိုက်ဆံပေးမယ်ဆိုကာ လိမ်လည်နေတာလည်းဖြစ်ပါတယ်။ စမိုင်းလ်ကတော့ Page အတုတွေကို သတိထားဖို့ကို “Page အတုတွေအများကြီးနော် အမှန်ခြစ် ထားတဲ့ဒီ page တစ်ခုပဲသုံးတာနော်။ တစ်ခြား page တွေကပိုက်ဆံပေးမယ်ဆိုပြီးညာနေကြလို့ like တွေရအောင်.. Smile တစ်ကယ်သုံးတာ ဒီတစ် page ပဲရှိပါတယ်ရှင် အထူးသတိပြုပါ ကျမလောက်လှူနေတဲ့သူက မည်သူတစ်ဦးတစ်ယောက်စီကမှပိုက်ဆံပြန်မတောင်းပါဘူးနော်။ ကံစမ်းမဲပေါက်တယ် ပိုက်ဆံကြိုလွှဲရမယ်ဆိုရင်တော့သေချာပြီ ဂျင်းpage အတုပါ ကျမနဲ့ဘာမှမဆိုင်ပါဘူး အထူး အထူး သတိရှိကြပါ” လို့သူ့ရဲ့ တရားဝင် Page ကနေ ကြေညာထားပါတယ်။
CeleGabar ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ သူ့ရဲ့နာမည်နဲ့ပုံတွေသုံးကာ Like ရအောင် ပိုက်ဆံပေးမယ်ဆိုကာ လိမ်လည်နေတဲ့ Page အတုတွေအပြင် ကံစမ်းမဲပေါက်တယ် ပိုက်ဆံကြိုလွှဲရမယ်ဆိုကာ လိမ်လည်နေတဲ့ Page အတုတွေရှိတာကြောင့် ပရိသတ်တွေကို အထူးသတိရှိကြဖို့ ပြောထားပါတယ်။
Source: စမိုင်းလ် Smile
DarDar-CeleGabar