ဆရာလေးမစိဏ္ဏဝတီအဖြစ် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ အဆိုတော်မိစန္ဒီ

ပရိသတ်တွေချစ်တဲ့အနုပညာရှင်အချို့ကတော့ လေးစားစရာအပြုအမူတွေကြောင့်လည်း ပရိသတ်တွေချစ်ရတာပါ။ မိစန္ဒီကတော့ အချစ်သီချင်းအဆွေးသီချင်းတွေနဲ့အတူ ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့ အဆိုတော်တစ်ဦးပါ။ ပရိသတ်တွေချစ်တဲ့အဆိုတော်မိစန္ဒီကတော့ ကောင်းမှုကုသိုလ်တွေပြုဖို့ မမေ့တဲ့သူတစ်ယောက်ပါ။


သူကတော့ မနေ့ကပဲ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မယ်သီလရှင်အဖြစ်နဲ့ ကြည်ညိုဖွယ်ရာပုံလေးတွေတက်လာခဲ့တာပါ။ သူ့ရဲ့ဘွဲ့အမည်ကိုလည်း ပြောပြပြီးပုံရိပ်လေးကို မျှဝေလာခဲ့ပါတယ်။ လက်ရှိမှာတော့ ဆရာလေး မစိဏ္ဏဝတီ အဖြစ် သာ့သနာဘောင်မှာ တရားအားထုတ်နေတာပါ။ ပရိသတ်တွေအတွက်တော့ ဒီလိုအခိုက်အတန့်လေးကို သာဓုခေါ်ပြီးကြည်နူးစေခဲ့တာပါ။


မိစန္ဒီကတော့ အနုပညာဖန်တီးမှုတွေကို အမြဲပြုလုပ်လေ့ရှိသလို အမိုက်စားပုံစံတွေကိုပြင်ဆင်လေ့ရှိသူတစ်ယောက်ပါ။ အခုဆိုရင်တော့ ဆရာလေးမစိဏ္ဏဝတီအဖြစ်မြင်တွေ့ရတာကြည်ညိုစရာဖြစ်တာကြောင့် ပရိသတ်တွေကို မျှဝေလိုက်ပါတယ်နော်…
Source : MiSandi

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x