သားငယ်လေးမွေးနေ့မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ကိုပေါက်

Posted on

ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိလာတဲ့ကိုပေါက်ကတော့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်သူတစ်ယောက်ပါ။ ချောမောလှပတဲ့ဇနီးလေးအပြင် သားလိမ္မာလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီး ဒီနေ့သားငယ်လေးရဲ့ မွေးနေ့မှာတော့ သားလေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

” ချစ်ရတဲ့သားငယ်လေးရေ…. ဘာလိုလိုနဲ့ သားငယ်လေး ဉာဏ်သုတလင်း တောင် (၅) နှစ်ပြည့်သွားပြီ။ မွေးနေ့မှာ ကျန်းမာချမ်းသာပြီး အစစ အရာရာလိုတိုင်းတ ရနိုင်ပြီး သက်ရှည်ကျန်းမာပါစေ။ မိဘက အထင်ကြီးလေးစားရပြီး လူအများအတွက်ကောင်းကျိုးပြုနိုင်သောသူဖြစ်ပါစေ။ ထူးချွန်ထက်မြက်တဲ့ ပညာတတ်ကြီးဖြစ်ပြီး အမှားအမှန်ကို ကောင်းစွာခွဲခြားနိုင်သော ဉာဏ်အမျှော်အမြင်ရပါစေ သားရေ။ သားသားကိုအရမ်းချစ်တယ်” ဆိုပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

သားသားကတော့ ငယ်သေးပေးမယ့် ဖေဖေ့ရဲ့ Tik Tok ဗွီဒီယိုလေးတွေမှာလည်း မကြာခဏဆိုသလို ပါဝင်ကူညီအားဖြည့်လေ့ရှိသူပါ ပရိသတ်ကြီးရေ… ။ ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးကစပြီး လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ အများကောင်းကျိုးသယ်ပိုးနိုင်ရုံသာမက ဖေဖေ၊မေမေတို့ကိုပါ လုပ်ကျွေးပြုစုနိုင်တဲ့ သားလိမ္မာလေးဖြစ်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။


Source – Aung Min Naing
Rainbow- Cele Gabar