လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ တိုင်ရွန်အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပြလာတဲ့ တိုင်ရွန်ရဲ့မန်နေဂျာ

Posted on

လတ်တလော လူမှုကွန်ရက်ပေါ်မှာ တိုင်ရွန်နဲ့ မအူပင်သားတို့ရဲ့ One By One စိန်ခေါ်မှုသတင်း ပျံ့နှံ့နေတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဒီသတင်းကတော့ ဘယ်ကထွက်ပေါ်လာမှန်းမသိပေမယ့် ပရိသတ်ကြားမှာ အတော်လေးပျံ့နှံ့နေတာမို့ တိုင်ရွန်ရဲ့မန်နေဂျာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန် Live လွှင့်ပြောကြားခဲ့တဲ့ ညီငယ်တစ်ယောက်ကို တာဝန်ယူဖြေရှင်းပေးဖို့ နဲ့ ဒီထက်ပိုပြီးဆိုးရွားလာရင် တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

“ကျွန်‌တော်သည်သရုပ်‌ဆောင်တိုင်ရွန်၏ မန်‌နေဂျာဖြစ်ပါသည်။ ယခု Facebook ပေါ်တွင် ကိုတိုင်ရွန်မှ ပရိသတ်ကို စိန်ခေါ်သည် one by one ထိုးမည် ဟူသော စကားကို ကိုတိုင်ရွန် မှပြောသည်ဟုဆိုပြီး ညီငယ်တစ်ယောက်မှ live လွှင့်ပြီး ထိုသို့ပြောကြားသွားပါသည်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်၍ ကိုတိုင်ရွန်မှ စိန်ခေါ်သည်ဟူသော စကားကိုပြောကြားထားခြင်းမရှိပါ (one by one ထိုးမည်) ပြောကြားထားပါသည်ဟု သက်သေအထောက်ထား တခုခု ပြသပေးပါ။ အကောင့်အစစ်သည် blue mark ပါဝင်ပါသည်။ ယင်းသို့ ဂုဏ်သိက္ခာ ထိခိုက်စေရန် ပရိသတ်ကိုစိန်ခေါ်သည် ဟူသော စကားကို live လွှင့် သုံးနှုန်းခြင်းသည် အသရေဖျက်မှု ပရိသတ်ကိုအထင်လွဲစေခြင်းဖြစ်စဉ် မြောက်ပါသဖြင့် ထိုစကားကို တာဝန်ယူဖြေရှင်းပေးပါရန် ထိုညီငယ်အား ပြောကြားလိုပါသည်။ နောက်ဆုံးအကြိမ်သတိပေးလိုက်ပါသည်ဆက်လက်ပြီးဆိုးရွားလာလျှင် တရားဥပဒေအရဆောင်ရွက်သွားပါမည်” ဆိုပြီး ရေးသားမျှဝေလာခဲ့ပါတယ် ပရိသတ်ကြီးရေ…

အခုလိုကိစ္စတွေ ဖြစ်နေတဲ့အပေါ် တိုင်ရွန်ရဲ့ပရိသတ်တွေကတော့ စိတ်ရှုပ်မခံဖို့ နဲ့ အားတင်းထားဖို့ သူတို့ချစ်ရတဲ့အနုပညာရှင်အတွက် အားပေးစကားတချို့ကို မှတ်ချက်ပေးရေးသားခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ပရိသတ်ကြီးရေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ တိုင်ရွန်တစ်ယောက် One By One ထိုးဖို့ စိန်ခေါ်ထားတယ်ဆိုတဲ့ကိစ္စကတော့ တကယ်မဟုတ်ပါဘူးတဲ့နော်။


Source – Tyron Bejay, KoPyae ThanLyin
Rainbow- Cele Gabar