တစ်နေ့တစ်နေ့ ရဲဘော်လေးတွေနဲ့ဘာဆော့ရမလဲ စဉ်းစားရတာအလုပ်တစ်ခုလို့ ဆိုလာတဲ့ နိုင်နိုင်း

Posted on

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်နိုင်နိုင်းကတော့ တည်ကြည်ခန့်ညားတဲ့ဥပဓိရုပ်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူ့ရဲ့ချစ်ဇနီးလေးနဲ့ ကလေး လေးယောက်ကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး နိုင်နိုင်းကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလာလုပ်လိုက်၊ မိသားစုရှိရာ နယူးယောက်မြို့ကို ပြန်လိုက်နဲ့ အသွားအပြန်လုပ်နေတယ်လို့ ဆိုရမှာပါ။

လတ်တလောမှာတော့ နိုင်နိုင်းတစ်ယောက် မိသားစုရှိရာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး ရဲဘော်လေးတွေနဲ့အတူ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးလျက်ရှိပါတယ်။ နေ့တိုင်းနီးပါး ကလေးတွေပျော်ဖို့ အဆန်းထွင်ဆော့ပေးလေ့ရှိသလို သူတို့ရဲ့ ပျော်စရာအချိန်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပေးလျက်ရှိပါတယ်။

ဒီနေ့မှာလည်း ” တစ်နေ့တစ်နေ့ ဘာဆော့ရမလဲ စဉ်းစားရတာလဲ အလုပ်တစ်ခု။ ကိုယ်တွေသာ မောသွားမယ်…. သူတို့ကတော့ အလံမလဲ ” ဆိုတဲ့စာသားလေးနဲ့အတူ သားအဖတွေ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဖေဖေပြန်လာတိုင်း အရမ်းပျော်တတ်တဲ့ရဲဘော်လေးတွေနဲ့ ဖေဖေနိုင်နိုင်းတို့ရဲ့ ပျော်စရာအချိန်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

Source – Actor 99
Rainbow- Cele Gabar