အကနည်းလမ်းပေါင်းစုံထဲကမှ Shadow Dance အမျိုးအစားကိုတော့ မကြိုက်တဲ့သူ မရှိသလောက်ပါပဲနော်။ ဒီအကအမျိုးအစားကတော့ လူအများကြီးအသုံးပြုရတဲ့အပြင် အကထဲမှာပါတဲ့အရာတိုင်းနီးပါးကို လူခန္ဓာကိုယ်ကို အသုံးပြုပြီးသာ ပုံဖော်ရတာမို့ အတွေးအခေါ်ဆန်းသစ်မှုနဲ့ တီထွင်ဖန်တီးလိုစိတ်ရှိသူတချို့သာ ဖန်တီးပြနိုင်တဲ့ အနုပညာတစ်ခုပါ။
Shadow Dance တော်တော်များများကိုတော့ ဇာတ်လမ်းသဖွယ်ဖန်တီးကာ ကပြလေ့ရှိကြပြီး လူအများရဲ့အာရုံစိုက်မှုကို ရရှိတဲ့အကအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Junior creative အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ လုပ်တဲ့သူရှားတဲ့ Shadow Dance အကနဲ့ Myanmar’s Got Talent မှာ winner ဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့သူတွေဖြစ်သလို America’s Got Talent; The Champions Season-2 မှာလည်း နိုင်ငံတကာနဲ့ယှဉ်ကာ သွားရောက်ယှဉ်ပြိုင်ခဲ့သူတွေပါ ။ သူတို့အဖွဲ့လေးရဲ့ Shadow Dance တွေကို စောင့်မျှော်အားပေးနေတဲ့ပရိသတ်ကြီးအတွက် လတ်တလောမြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့အရာလေးတစ်ခုကို Shadow Dance လေးနဲ့ ပုံဖော်ကာ မျှဝေခဲ့ပါတယ်။
မကြာခင်အချိန်တွင်းမှာတော့ (၂၀၂၀) ရွေးကောက်ပွဲစတင်တော့မှာဖြစ်ပြီး မဲသွားပေးကြဖို့က နိုင်ငံသားတိုင်းရဲ့တာဝန်ပါ။ မဲစာရင်းစစ်ဖို့နဲ့ မဖြစ်မနေ မဲသွားပေးကြဖို့ အနုပညာရှင်တော်တော်များများ တိုက်တွန်းအသိပညာပေးနေသလို Junior Creative အဖွဲ့ကလည်း Shadow Dance လေးနဲ့ အတူ ” လူငယ်တွေရဲ့ အားအင်၊ အားလုံးအကျုံးဝင်ပါဝင်မှုရဲ့ အရေးကြီးမှု စတာတွေကို သတိပေးဖော်ကျူးထားခြင်း ဖြစ်ပါတယ်။ သင့်နာမည်ဟာ မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါစစ်ဖို့လည်း မမေ့ပါနဲ့။ ဒါမှသာ နိုဝင်ဘာ (၈) ရက်နေ့မှာ သင့်အသံ၊ သင့်မဲ တစ်ဖြစ်လဲ သင့်အနာဂတ်ကို အသုံးချနိုင်မှာ ဖြစ်ပါတယ်” ဆိုတဲ့စာသားလေးနဲ့ မျှဝေပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
Source – Junior Creative
Rainbow- Cele Gabar