၀တ်မှုန်ရွှေရည်ရဲ့မွေးနေ့အတွက် ပရိသတ်တွေပြုလုပ်ပေးတဲ့ ကြည်နူးစရာအပြုအမူများ

Posted on

ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အချစ်တွေကို အများကြီးရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ မကြာသေးခင်ရက်ပိုင်းက သူ့ရဲ့မွေးနေ့လေးပြီးဆုံးသွားသလို မွေးနေ့မတိုင်ခင်နဲ့မွေးနေ့မှာပါအလှူတွေပြုလုပ်ခဲ့သူပါ။ ဆယ်ကျော်သက်လေးလိုလှနိုင်လွန်းတဲ့ရွှေကစ်ကတော့ အသက်(၃၂)ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။


ရွှေကစ်ရဲ့အမာခံပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့မွေးနေ့လက်ဆောင်တွေကို ပြုလုပ်ပေးခဲ့ကြပါတယ်။ ပန်းစည်းတွေ မွေးနေ့ကိတ်တွေ လက်ဝတ်ရတနာတွေသာမက အခြားမွေးနေ့လက်ဆောင်တွေလည်း ရရှိထားပါသေးတယ်။ ဒါ့အပြင် ရွှေကစ်ရဲ့ပရိသတ်တွေကတော့ သူ့နာမည်နဲ့အလှူတွေလည်းပြုလုပ်ပေးခဲ့တာပါ။ ရွှေကစ်ကတော့ ချစ်ပေးကြတဲ့သူတွေကြောင့် ကြည်နူးစရာနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။


ရွှေကစ်ကတော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် အနုပညာအလုပ်တွေကိုလုပ်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသလို ကောင်းမှုကုသိုလ်တွေပြုလုပ်ဖို့လည်း မမေ့တဲ့သူတစ်ယောက်ပါ။ အခုလည်း ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူကြည်နူးစရာနေ့ရက်လေးဖြစ်ခဲပါပြီ။ ရွှေကစ်တစ်ယောက် သက်ဆုံးတိုင် အခုထက်ပိုပိုပြီးပရိသတ်အချစ်တွေကို ရရှိပါစေ….


Source : WuttHmoneShweYi