ပရိသတ်တွေနဲ့ ထိတွေ့မှုအရမ်းနည်းခဲ့လို့ နောင်တရမိတယ်ဆိုတဲ့ ယုဇန

Posted on

တစ်ချိန်တုန်းက သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အသည်းကို ဖမ်းစားခဲ့သူ ယုဇနကတော့ နှစ်အနည်းငယ်လောက် ပရိသတ်ရှေ့မှာ ပျောက်ခဲ့ပေမယ့် အခုဆိုရင်တော့ သီချင်းလေးတွေ ပြန်လည်သီဆိုရင်း ပရိသတ်ရင်ထဲ နေရာတစ်ခုပြန်ရဖို့ ကြိုးစားနေသူပါ။ သူ့ရဲ့ ဖေ့ဘွတ်ပေ့ချ်လေးမှာ သီချင်းလေးတွေ တင်ပေးလေ့ရှိသလို ဒီနေ့မှာတော့ ရင်ထဲကခံစားချက်တချို့ကို ဖွင့်ဟခဲ့ပါတယ်။

” ယုရဲ့ pageမှာ အရင်ကပုံလေးတွေ စာလေးတွေ သိပ်မတင်ဖြစ်ခဲ့ဘူး၊ ယုပရိတ်သတ်နဲ့ထိတွေမှု အရမ်းနည်းခဲ့တာ နောင်တရမိတယ်၊ သီချင်းတွေအများကြီးမဆိုဖြစ်တော့ပေမဲ့ ဝါသနာနဲ့ဂီတပိုးကအရှိန်မသေသေးတော့ ပုံမှန်လေးသီချင်း‌တွေထွက်ဖြစ်အောင်ကြိုးစားနေပါတယ် ” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

ယုဇနကတော့ မကြာသေးခင်ကမှ သူကိုယ်တိုင်ရေးသားထားတဲ့ ” အဆိပ်သင့်ဆူး” ဆိုတဲ့သီချင်းလေးကို သီဆိုပုံဖော်ကာ မျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် မကြာခင်အချိန်အတွင်းမှာလည်း ရှင်ဖုန်း၊ ခင်ဘုဏ်းတို့နဲ့ အတူ “SKY” ဆိုတဲ့ သီချင်းလေးကို ထပ်မံချပြသွားဦးမှာမို့ ပရိသတ်ကြီး စောင့်မျှော်အားပေးလိုက်ကြပါဦးနော်။


Source – Yuzana
Rainbow- Cele Gabar