ပရိသတ်ကြီးရေ ..မကြာသေးမီက ဆယ်တန်းအောင်စာရင်းတွေ ထွက်ရှိခဲ့ပြီး အနယ်နယ်အရပ်ရပ်က ဂုဏ်ထူးရှင် လူငယ်လေးတွေ အများအပြားထွက်ပေါ်လာခဲ့ပါတယ် ။ မိသားစုချို့တဲ့ပြီး တက္ကသိုလ် ဆက်တက်ဖို့ အခက်ခဲဖြစ်နေသူတွေနဲ့ မပြေလည်တဲ့ကြားက ကြိုးစားမှုကြောင့် ဂုဏ်ထူးတွေအများကြီးထွက်ရှိခဲ့တဲ့ လူတော်လေးတွေလည်းအများအပြားထွက်ပေါ်ခဲ့ပါတယ် ။
ဒီနေ့မှာတော့ ပရိသတ်အချစ်တော်တေးသံရှင်ပိုပိုက အဖေမရှိပေမယ့် မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့လေးဘာသာ ဂုဏ်ထူးရှင် ညီမလေး မိုးမိုး ကို သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ မိုးမိုးက ရည်မှန်းချက်ကတော့ ဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တာဖြစ်တဲ့အတွက် ဖြစ်ချင်တဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး ညီမလေး ရဲ့ စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပါစေ ဆိုတဲ့စာသားလေးနဲ့အတူ ပိုပို ၊ကိုဟိဏ်းသစ်နဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့ကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေဖော်ပြခဲ့တာဖြစ်ပါတယ် ။
အခုလို ညီမလေး မိုးမိုးကို စေတနာအပြည့်နဲ့ ပညာသင်ကြားပေးခဲ့တဲ့ ဆရာလိုမျိုး ဆရာ ၊ ဆရာမတွေလည်း အများကြီးပေါ် ထွက်လာပါစေလို့လည်း ပိုပိုက ဆုမွန်ကောင်းတောင်းထားပါသေးတယ် ။ ခုလို ငွေကြေးချို့တဲ့ပြီး ပညာရေးထူးချွန်တဲ့ ညီမလေး မိုးမိုးကို ကူညီလှူဒါန်းပေးခဲ့တဲ့ ပိုပိုရဲ့ စိတ်ဓာတ်လေးကတော့ အရမ်းကိုမွန်မြတ်လွန်းပါတယ်ပရိသတ်ကြီးရေ ..။
Source : ဝတ်ရည်မိုး
Emily (Cele Gabar)