ပရိသတ်ကြီးရေ စီနွန်ကတော့ ဖိလစ်ပိုင်နိုင်ငံကနေ ပြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ပြီး သူ့ရဲ့ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းလှတဲ့ စိတ်ဓာတ်လေးကြောင့် မြန်မာပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ခံနေရတဲ့ သူတစ်ယောက်ပါ။ စီနွန်က မြန်မာပြည်ကိုရောက်ရှိနေချိန်မှာ လိုအပ်နေတဲ့ သူတွေအတွက်တတ်နိုင်သလောက် လိုက်လံလှူဒါန်းပေးနေခဲ့တာလည်း ပရိသတ်တွေအသိပါ။
အခုတစ်ခေါက်မှာလည်း စီနွန်က မကြာခင်အချိန်မှာ ကျောင်းတွေပြန်လည်ဖွင့်တော့မှာဖြစ်တဲ့ အတွက် ကျောင်းမတတ်ခင် လမ်းဘေးမှာပန်းရောင်းနေရတဲ့ ကလေးတွေကျောင်းတက်တ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကိုလှူဒါန်းပေးဖို့ ပြင်ဆင်နေပါသေးတယ်။ကျောင်းတက်တဲ့အခါမှာ လိုအပ်တဲ့ လွယ်အိတ် စာအုပ်ခဲ့တံ စတဲ့ ပစ္စည်းတွေကို စီနွန်က လှူဒါန်းပေးသွားမှာပါ။
ပရိသတ်တွေကတော့ စီနွန်ရဲ့ စိတ်ထားလေးကို သဘောကျနှစ်သက်နေခဲ့ကြပြီး ချီးကျူးစကားနဲ့အတူ နောက်နောင်လည်း ထိထက်မကလှူဒါန်းနိုင်စေဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း စီနွန်ရဲ့ အလှူလေးကိုသာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။
Chilli – CeleGabar
Source – Sinon Loresca