သားလေးမွေးနေ့အတွက် ကျော်သူနာရေးကူညီမှုအသင်းမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့ မျိုးသန္တာထွန်း

လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်ဖို့ ရည်ရွယ်ချက်ကောင်းတွေနဲ့တည်ထောင်ခဲ့တဲ့ ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းကြီးကတော့ ချို့တဲ့သူတွေရဲ့နောက်ဆုံးခရီးအတွက် တကယ်ကို တန်ဖိုးရှိတဲ့ အသင်းကြီးပါ။ လူများစွာနဲ့လုပ်ရတဲ့အသင်းကြီးမို့ အလှူရှင်တွေရဲ့ထောက်ပံ့အားနဲ့ ရပ်တည်နေရပြီး ဒီနေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင်မျိုးသန္တာထွန်းက သားလေးမွေးနေ့အလှူအဖြစ် လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

မျိုးသန္တာထွန်းရဲ့ သားဖြစ်သူ ကိုမျိုးမောင်မောင်ရဲ့ အသက်(၂၈) နှစ်ပြည့်မွေးနေ့အလှူဒါနအနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ နံနက်ခင်းစာ မုန့်ဟင်းခါးဖြင့် အာဟာရဒါနကျွေးမွေးခဲ့သလို နာရေးကူညီမှုအဖြစ် ကဒ်ခေါင်း(၁၀)ကဒ်စာ အတွက် အလှူငွေငါးသောင်းလည်း ထပ်မံလှူဒါန်းပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ မျှဝေဖော်ခဲ့ပါတယ်။

မျိုးသန္တာထွန်းကတော့ အနုပညာအလုပ်တွေသိပ်အလုပ်ဖြစ်တော့ပေမယ့် ပရိသတ်ရင်ထဲနေရာတစ်နေရာရရှိထားသူတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ဒီနေ့မှာတော့ သားလေးမွေးနေ့အဖြစ် ကျော်သူနာရေးကူညီမှုအသင်းကြီးမှာ သွားရောက်လှူဒါန်းပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source – Kyaw Thu
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x