အဆင်မပြေမှုတွေနဲ့ ခါးသီးနေတဲ့ဘဝအကြောင်းကို ပြောပြလာတဲ့အိစိကွေး

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေအားပေးချစ်ခင်မှု ရရှိထားတဲ့ အိစိကွေးဟာ ခုဆိုရင် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်လို့နေပါပြီနော် ။ လူငယ်သဘဝအတိုင်း ခံစားချက်တွေ ၊ အဆင်မပြေမှုတွေ ၊ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေအားလုံးကို ခံစားနေရပြီလို့ဆိုရမှာပါ ။ မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူ့ရဲ့ခံစားချက်အချို့ကို ပရိသတ်တွေကို ဝေမျှတတ်ပါတယ် ။

လတ်တလောမှာတော့ အရာအားလုံးက ငါ့အတွက်ဘာလို့ခက်ခဲနေရတာလဲ ဆိုတဲ့ စာသားနဲ့အတူ ချမိတဲ့ သက်ပြင်းတွေက အလင်းနှစ်လောက်ကြာတယ် ဘေးနားမှာ ဖတ်ခနဲပြုတ်ကျလာတဲ့ စိတ်ဓာတ် သူ့ကြည့်တော့ မှောက်လျက်သားနဲ့သနားစရာလေးရယ် မေးချင်တာက ရောက်လာမယ့်နေရက်တွေကရော ဒီလိုပဲ ဆက်ခါးနေဦးမှာလား ဆိုတဲ့ စာသားလေးကို သူ့ရဲ့မိုင်ဒေးကနေတဆင့် အိစိ တစ်ယောက်ရေးသားဖော်ပြခဲ့ပါတယ် ။

အိစိလေးတစ်ယောက် ဘာတွေ ခက်ခဲပြီး အဆင်မပြေဖြစ်နေလည်းမသိပေမယ့် ပရိသတ်တွေကတော့ အိစိလေးအမြန်ဆုံး ပြန်လည်အဆင်ပြေဖို့အတွက်မျှော်လင့်နေကြပါတယ် ။ အိစိတစ်ယောက် အခက်ခဲတွေအားလုံး အမြန်ဆုံးပြေလည်ဖို့အတွက် Cele Gabar TV ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x