သမီးလေးရဲ့(၁၆)နှစ်ပြည့်မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခင်ဇာခြည်ကျော်

Posted on

ခင်ဇာခြည်ကျော်ကတော့ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ ခင်ဇာခြည်ကျော်ကတော့ သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာနဲ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်လာတာကြောင့် ပရိသတ်တွေရဲ့လေးစားအားကျခြင်းကိုလည်း ခံရသူတစ်ယောက်ပါ။


ဒီနေ့ကတော့ သမီးဖြစ်သူရဲ့မွေးနေ့ဖြစ်တာကြောင့် သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Happy Birthday ပါ မေမေ့ အသဲလေး ရေ HtinThitsar သမီးလေး ရဲ့ (၁၆) နှစ်ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိဘကျေးဇူးသိတတ်တဲ့ သမီး ကောင်းရတနာလေးဖြစ်ပါစေ…ပညာတတ်ကြီး လည်းဖြစ်ပါစေ….မိသားစု အတွက်အရမ်းလိမ်မာတဲ့ သမီး မို့ ကျေးဇူးတင်ပါတယ် သဲလေးရေ… ၂၅.၆.၂၀၂၀”ဆိုပြီးတော့ ရေးသားထားပါသေးတယ်။


ခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေလုပ်နေသလို ပရိသတ်အခိုင်အမာရရှိနေပြီး သမီးဖြစ်သူကတော့ အမေဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေလုပ်နေတာကြောင့် ပရိသတ်အချစ်တွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ သမီးဖြစ်သူထင်သစ္စာရဲ့(၁၆)နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ် ပရိသတ်ကြီးရေ…
Source : KhinZarchiKyaw