ကိုယ်မွေးတဲ့လလေးမှာ လိုအပ်နေတဲ့နေရာတွေကို ဆက်တိုက်အလှူဒါနပြုနေတဲ့ ချစ်သုဝေ

ပြီးခဲ့တဲ့ သြဂုတ်လ(၁၀) ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်ချစ်သုဝေရဲ့ (၃၆) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် ပျိုမြစ်နုနယ်မှုတွေပိုင်ဆိုင်ထားတဲ့ ထရီဇာကတော့ ခေတ်၊ သစ် ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်နေတဲ့နေရာတွေကို ဆက်တိုက်လှူဒါန်းနေသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့မွေးလလေးမှာလည်း မွေးနေ့မတိုင်ခင်ကတည်းက အလှူတွေဆက်တိုက်ပြုလုပ်လာခဲ့သလို မနေ့ကလည်း (၅)ကြိမ်မြောက်အလှူလေးအဖြစ် လိုအပ်နေတဲ့နေရာလေးမှာ လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ်။ သုံးခွမြို့နယ်၊ အိဿကျေးရွာ၊ ဓမ္မစမ်းရေ ပရဟိတကျောင်းမှာ ဆန်၊ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ ၊အာလူး၊ နဝကမ္မအလှူငွေနဲ့ ကလေးတွေအတွက် အရုပ်တွေ လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ရည်ရွယ်မထားတဲ့နောက်ထပ်အလှူတစ်ခုပြုလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို ” ရောက်တော့ ကလေးတွေနေစရာမရှိလို့(ကျောင်းဆောင်ကဆောက်လုပ်ကာစ အလှူငွေမရှိလို့ရပ်) ဓမ္မာရုံထဲ စုရုံးနေကြရရှာ..မိန်းကလေးငယ်တွေရော အပျိုရွယ်လေးတွေရောမို့ အားချင်းလိုအပ်နေတဲ့ လုံခြုံအောင်ချိုးနိုင်မယ့် ရေချိုးသန့်စင်ခန်းနဲ့ အိမ်သာ(၆) လုံးကို လှူမယ် ချက်ချင်းဆုံးဖြတ်ခဲ့တယ်” ဆိုပြီး မျှဝေဖော်ပြခဲ့ပါတယ်။

ရည်ရွယ်မထားတဲ့အလှူလေးဖြစ်ပေမယ့် စိတ်ထဲပေါ်လာတာနဲ့ ချက်ခြင်းဆုံးဖြတ်ချက်ချလှူဒါန်းပေးခဲ့တဲ့ မေမေထရီဇာကတော့ မွေးလထဲမှာ ပြုလုပ်ခဲ့တဲ့ သူရဲ့ (၅) ကြိမ်မြောက်အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် ဆောက်လက်စ (၃) ထပ်ကျောင်းဆောင်လေးကိုလည်း အမြန်ဆုံးပြီးအောင် မိတ်ဆွေတွေအားလုံးဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ် ပရိသတ်ကြီးရေ…


Source – Chit Thu Wai
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x