မေမြို့လေးမှာမြန်မာဆန်ဆန်လေးနဲ့ချစ်စရာကောင်းနေပြန်တဲ့ ထရက်ရှာလေးနဲ့မေမေစန္ဒီမြင့်လွင်တို့နှစ်ဦး

စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေချစ်တဲ့ရက်ပ်အဆိုတော်တစ်ဦးဆိုတာ သိပြီးသားဖြစ်မှာပါ။ တစ်ချိန်ကအမိုက်စားအဆိုတော်မလေးကတော့ လက်ရှိအချိန်မှာ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေလုပ်တာတော့ ကျဲသွားတာလည်း ဖြစ်ပါတယ်။


စန္ဒီမြင့်လွင်ရဲ့သမီးလေးထရက်ရှာကတော့ မိခင်ဖြစ်သူလိုပဲပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားပြန်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ထရက်ရှာလေးကတော့ လူအများရဲ့အချစ်ကိုရရှိထားရလောက်အောင်ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ ဒီနေ့မှာပရိသတ်တွေသဘောကျကြည်နူးစရာဖြစ်စေပြန်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “မေမေနဲ့ထရက်ရှာရဲ့ မေမြို့မနက်ခင်းလေးပေါ့” ဆိုပြီးတော့ သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာပါ။


သူတို့သားအမိနှစ်ဦးကတော့ မေမြို့လေးမှာ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးထားတာပါ။ တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာတဲ့ ထရက်ရှာလေးနဲ့အတူ မေမေစန္ဒီမြင့်လွင်တို့ကတော့ ပရိသတ်တွေကို အချစ်တိုးစေခဲ့ပြန်ပါပြီ။


Source : SandyMyintLwin

Check Also

Zell နဲ့အတူတူ ရိုက်ကူးထားတဲ့ အမိုက်စားပုံလေးတွေကို မျှဝေခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အမြဲလိုလို တက်ကြွပြီး ချစ်စရာကောင်းလွန်းလှတာကြောင့် ပရိသတ်တွေ သဘောကျချစ်ခင်နေခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုးကြာဖြူခင်က …

x