ဘဝရဲ့ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကို မျှဝေလာတဲ့ မိုးစက်ဝိုင်

Posted on

မိုးစက်ဝိုင်ကိုတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက မြန်မာ့ကိုယ်စားပြုအလှမယ်တစ်ဦးအနေနဲ့သိကြမှာပါ။ ဒါ့အပြင် မိုးစက်ဝိုင်ကတော့ Moezy အလှကုန်လုပ်ငန်းကို တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဘက်စုံထူးချွန်သလို ပရဟိတစိတ်ဓာတ်ရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။


မိုးစက်ဝိုင်ကတော့လိုအပ်တဲ့နေရာတွေမှာ ပရဟိတတွေလုပ်လေ့ရှိတာလည်း ပရိသတ်တွေသိကြမှာပါ။ အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရိုးသားမှုတွေရဲ့နောက်မှာ အေးချမ်းမူလေးတွေတွေ့ရတယ် ၊ ပျော်ရွှင်ခြင်းဆိုတာကကိုယ့်အတွေးခေါ်ယူဆချက်နဲ့ ပဲဆိုင်ပါတယ် ၊ ယူတို့ရဲ့ ပျော်ရွှင်ခြင်းကဘာလဲ ပြောကြည့် ?” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ မိုးစက်ဝိုင်ကတော့ ချင်းပြည်နယ်ရောက်ပုံရိပ်လေးတွေကိုတင်ထားတာပါ။


မိုးစက်ဝိုင်ကတော့ ကလေးတွေကိုချစ်တတ်သူတစ်ယောက်ဆိုတာကို ပုံရိပ်တွေထဲမှာတွေ့မြင်နိုင်မှာပါ။ သူကတော့ ရိုးသားမှုတွေကိုသဘောကျတယ်လို့ဆိုထားတာဖြစ်ပြီး ပရိသတ်တွေကို လည်း ပျော်ရွှင်မှုကိုဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတာကို မေးလာခဲ့ပါပြီနော်…
Source : MoesetWine