အဆိုတော်မလေးပိုပိုကတော့ ချစ်စရာကောင်းသလို စိတ်သဘောထားကောင်းမွန်တဲ့သူလေးတစ်ယောက်ပါ။ ဘာသာရားကိုင်းရှိုင်းတဲ့ပိုပိုက အခုရက်ပိုင်းမှာ ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့ (၄)ဘာသာဂုဏ်ထူးရှင်လေးကိုသွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပိုပိုကတော့ အချစ်သီချင်း၊အဆွေးသီချင်းတွေကိုလည်းဖန်တီးပြီး ပရိသတ်တွေကို အကြိုက်တွေ့စေတဲ့သူတစ်ယောက်ပါ။
ကိုယ်ဒူးကိုယ်ချွန်ကြိုးစားလာတဲ့ပိုပိုကတော့ သီချင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးနေသူဖြစ်ပြီး မကြာသေးခင်ကလည်း “အရိပ်ကလေးလို” ဆိုတဲ့အချစ်သီချင်းလေးကို ထွက်ရှိထားတာပါ။ အခုဆိုရင်တော့ သူ့ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့အတူ ” ကောင်းကင် တစ်ခုရဲ့အောက်မှာ ရင်ဘတ်ချင်းတူမဲ့ သူပဲ လိုတော့တယ်” ဆိုပြီးတော့ ရေးသားကာ ဖေ့ဘွတ်ခ်မှာမျှဝေထားပါတယ်။
တစ်ကိုယ်တည်းဘဝနဲ့ပျော်ရွှင်နေတဲ့ ပိုပိုတစ်ယောက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပဟေဠိတွေဖြစ်စေသူတစ်ယောက်ပါ။ အခုလည်း ရင်ဘတ်ချင်းတူမဲ့သူလိုတဲ့အကြောင်းဆိုထားပါတယ်။ ပရိသတ်ကြီးရေ အချစ်သီချင်းတွေဖန်တီးနေတဲ့ပိုပိုရဲ့အချစ်ရေးကတော့စိတ်ဝင်စားစရာပါပဲနော်…
Source : ပိုပို