ဘဝမှာပထမဆုံးဆံပင်တွေကိုစွန့်လွှတ်ခဲ့တဲ့အကြောင်းပြောပြလာတဲ့ အဆိုတော်မိစန္ဒီ

Posted on

မိစန္ဒီကတော့ ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ နာမည်ကျော်အဆိုတော်တွေထဲကတစ်ယောက်ပါ။ သွက်လက်ပွင့်လင်းတဲ့ဟန်ပန်လေးတွေနဲ့ ချစ်စရာကောင်းတဲ့မိစန္ဒီကတော့ အမိုက်စားဖက်ရှင်စတိုင်တွေကြောင့်လည်း ပရိသတ်တွေသတိထားမိသူလို့ဆိုရမှာပါ။ ဖက်ရှင်ကျတဲ့အဆိုတော်မလေးကတော့ အခုရက်ပိုင်းမှာ ဆံပင်တွေကိုစွန့်လွှတ်ကာသီလရှင်ဝတ်လိုက်တာလည်း ဖြစ်ပါတယ်။


မိစန္ဒီကတော့လက်ရှိအချိန်မှာဆရာလေးမစိဏ္ဏဝတီအဖြစ်နဲ့ တရားအားထုတ်နေတာပါ။ ဆံပင်တွေကိုစွန့်လွှတ်ပြီး အခုလိုသာ့သနာဘောင်မှာတရားအားထုတ်တာကမလွယ်ကူသလို မိစန္ဒီအတွက်တော့ ဒါကပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို “နှစ်ပေါင်းများစွာ စွဲလမ်းခဲ့ရသော အရာများအား ခေတ္တ ခဏ စွန့်လွှတ်ဖြတ်တောက်၍ ဘဝရဲ့ ပထမဆုံးအကြိမ် ကုသိုလ်ခရီး အမှတ်တရ” ဆိုပြီးတော့ ဆံပင်တွေကိုစွန့်ကာသီလရှင်ဝတ်ခဲ့တဲ့အမှတ်တရတွေကို ပြန်ပြောပြလာခဲ့ပါတယ်။


မိစန္ဒီကတော့ အခုလိုခေတ္တကုသိုလ်ယူတာကတော့ တကယ့်ကိုလေးစားစရာကောင်းတဲ့ မွန်မြတ်တဲ့အပြုအမူလေးတစ်ခုပါပဲ။ ပရိသတ်တွေအတွက်ကြည်နူးမှုတွေကူးစက်စေတဲ့အပြုအမူလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…


Source : MiSandi