ကြည်နူးစရာမွေးနေ့အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတဲ့ နေဝင်းတို့ဇနီးမောင်နှံ

Posted on

ပရိသတ်တွေချစ်တဲ့ အဆိုတော်နေဝင်းနဲ့အိမ့်ချစ်ချောတို့စုံတွဲကတော့ ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲထဲကတစ်တွဲလို့ဆိုရမှာပါ။ သူတို့နှစ်ဦးကတော့ ချစ်သူတွေအဖြစ်ကာလကြာရှည်တွဲလာပြီးတော့ မကြာသေးခင်က လက်ထပ်သွားတဲ့ ပူပူနွေးနွေးစုံတွဲတစ်တွဲပါ။ တစ်ဦးနဲ့တစ်ဦးချစ်ခင်ဂရုစိုက်ကြတဲ့ဒီစုံတွဲလေးကတော့ ပရိသတ်တွေအတွက် တကယ့်ကိုအားကျစရာလည်း ဖြစ်ပါတယ်။


မကြာသေးခင်ရက်ပိုင်းက မွေးနေ့အလှူပြုလုပ်ခဲ့တာဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးရဲ့အလှူပုံရိပ်လေးကတော့ ကြည်နူးစရာပါ။ အလှူလေးအကြောင်းကိုလည်း အိမ့်ချစ်ချောရဲ့ဖေ့ဘွတ်ခ်မှာ “ချောရဲ့ ၁၂ ရက်မွေးနေ့တုန်းက အလှူမှတ်တမ်းပုံရိပ်လေးတွေပါ အားလုံးလည်း ပုံလေးတွေကြည့်ပြီး အပျော်တွေကူးစက်ပါစေ။ ရန်ကုန်ဆေးရုံကြီး ပင်မဆောင်အတွက် အယောက် ၅၀၀ နေ့လည်စာအလှူ Better Life Dog Shelter အတွက် အလှူငွေ ၃ သိန်း ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့က CPC မိဘမဲ့ဂေဟာ အတွက် ဆန် ၅အိတ် နှင့် အလှူငွေ ၅ သိန်း မိုးထဲရေထဲ ဇာတ်တွေစီးပြီး အတူတူလိုက်ကူပေးကြတဲ့ ဦးနေဝင်းနှင့် မိသားစု၊သူငယ်ချင်းတွေ ကိုလည်း ကျေးဇူးပါ  Video လိုက်ရိုက်ပေးတဲ့ Kg Htet ဓာတ်ပုံလိုက်ရိုက်ပေးတဲ့ Ko John ရန်ကုန်ဆေးရုံကြီးမှာ လှူဖို့ နေ့လည်စာစီစဉ်ပေးတဲ့ Nutritious Lunch Yangon (မညိုမာညွှန့်) ကိုလည်းကျေးဇူးပါ ။လူအများကြီးခေါ်လို့မရလို့ နောက်နှစ်ကျရင် We Love တွေကိုခေါ်မယ်နော်” ဆိုပြီးတော့ရေးသားထားပါတယ်။


နေဝင်းကတော့ချစ်ဇနီးလေးရဲ့မွေးနေ့အလှူမှာလိုက်အားဖြည့်ပေးခဲ့တဲ့အကြောင်းကို “ချစ်ဆုံးလေး မွေးနေ့အလှူ လိုက်အားဖြည့်” ဆိုပြီးတော့ ရေးသားထားပါတယ်။ သူတို့နှစ်ဦးရဲ့အလှူပုံရိပ်တွေကိုပရိသတ်ကြီးကို ပြန်လည်မျှဝေလိုက်ပါတယ်။


Source : EaintChitChaw,NayWin