MRTV- 4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးဝန်းရံခြင်းခံခဲ့ရသူလေးကတော့ မေမီကိုကိုပါ ။ ဇာတ်လမ်းတွဲပေါင်းများစွာမှာပါဝင်ခဲ့ပြီး ကာရိုက်တာပေါင်းစုံကို ကျရာ ဇာတ်ရုပ်အတိုင်း ပီပြင်အောင် သရုပ်ဆောင်နိုင်သူဖြစ်လို့ ဗီလိန်ကာရိုက်တာကိုတောင် ပရိသတ်တွေအသည်းစွဲအားပေးခဲ့ကြတာပါ ။
မေမီကိုကိုကတော့ သူမရဲ့ နေ့စဉ်လှုပ်ရှားမှု တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကို အမြဲမျှဝေပေးနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို ခံစားချက်စာစုလေးတွေကိုလည်း ပရိသတ်တွေကိုအမြဲမျှဝေပေးလေ့ရှိပါသေးတယ် ။ လတ်တလောမှာတော့ ကိုယ့်ကို မတွေ့ရကြာတဲ့အခါမှာ…သူတစ်ယောက်ကိုယ့်ကိုလိုက်များရှာနေမလားလို့တွေးခဲ့ဖူးလား…?ဒါဆိုရင်တော့ အချစ်ဆိုတာဇာတ်လမ်းထဲက ယု ဆိုတဲ့ မိန်းကလေးလိုပဲ…ဟန်ဆောင်ပြုံးပြဖို့အထိ မင်း ရင့်ကျတ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ စာသားလေးကို သူမရဲ့လူမှု့ကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်ကြီးရေ မေမီကိုကိုကတော့ ဂျီဟောသူ ဇာတ်လမ်းတွဲမှာ မာနကြီးတဲ့ ညိုထွေးကာရိုက်တာလေး ပြီးတဲ့နောက်မှာတော့ အနမ်းတစ်ပွင့်ရဲ့ ကျိန်စာဆိုတဲ့ ဇာတ်လမ်းမှာ ယု အဖြစ် ဘယ်လိုကာရိုက်တာမျိုးကနေ သရုပ်ဆောင်ဦးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ နော် ။ ဘယ်လိုလဲ ပရိသတ်ကြီးရော ယု ရဲ့ ကာရိုက်တာလေးကိုကြည့်ချင်နေကြပြီလား ။
Source :May Mi Koko
Emily (Cele Gabar)