Music Video တစ်ခုရိုက်ကူးရင်း ပရိသတ်တွေကို ပဟေဠိဖွက်လိုက်တဲ့ စိုးသူ

Posted on

တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေအားလုံး သည်းသည်းလှုတ်ဝန်းရံအားပေးခြင်းခံခဲ့ရတဲ့ မင်းသားစိုးသူကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီး နိုင်ငံရပ်ခြားကို အချိန်အတော်ကြာထွက်ခွာသွားခဲ့ရတာကနေ အခုဆိုရင် မြန်မာနိုင်ငံကို ပြန်လည်အခြေချပြီး သူချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါပြီ ပရိသတ်ကြီးရေ ..။

လတ်တလောမှာတော့ ပြင်ဦးလွင်မှာရိုက်ကူးနေတဲ့ Music Video ရိုက်ကွင်းလေးတစ်ခုကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဘယ်တော့များမှအဆုံးမရှိ လို့အမည်ရတဲ့ MV Shooting လေးတစ်ခုဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ။ စိုးသူ နဲ့ စန္ဒီမြင့်လွင်တို့ပါဝင်ပြီး နောက်ထပ် Special Guest တစ်ယောက်ကိုတော့ စိုးသူက ပရိသတ်တွေကို ပဟေဠိဖွက်ထားပါတယ် ပရိသတ်ကြီးရေ ..။

နောက်ကျောပေးထားတဲ့နောက်ထပ် Special Guest ကဘယ်သူများဖြစ်မလဲ ပရိသတ်ကြီးရေ ..။ ပရိသတ်တွေကတော့ ဒါဒါလားဆိုပြီး မှတ်ချက်တွေပေးနေကြတာတွေ့ရပြီး ပရိသတ်ကြီးရော ဘယ်သူလို့ထင်လဲဆိုတာကို မှတ်ချက်လေးတွေပေးခဲ့ပါဦးနော် ..။

Source : Soe Thu
Emily (Cele Gabar)