မွေးနေ့လေးမှာချီးကျူးစကားတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးခြင်းခံလိုက်ရတဲ့ မင်းသမီးချောလေးမြတ်နိုးအေး

Posted on

မင်းသမီးချောလေးမြတ်နိုးအေးကတော့ ဇာတ်ကားကောင်းတွေနဲ့အတူ ပရိသတ်တွေသတိထားမိတဲ့ တက်သစ်စမင်းသမီးတွေထဲကတစ်လက်ပါ။ “ည” “သူစိမ်းအိမ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့မြတ်နိုးအေးကတော့ လက်ရှိအချိန်မှာ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်တွေရှေ့ရောက်ရှိလာဖို့လည်း ရှိနေပါတယ်။


ဒီနေ့ကတော့ မင်းသမီးလေးရဲ့မွေးနေ့ရက်မြတ်လေးပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ချီးကျူးစကားတွေနဲ့အတူ မွေးနေ့ဆုတောင်းလေးကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အလွန်တရာမှ စကားနားထောင်သော ( ကလေးတွေထဲ ကိုထူးစကားအနားထောင်ဆုံး TOP 5 ထဲ ပါသော ) ၊ လိမ္မာသော ၊ ကြိုးစားသော ၊ နာခံသော ၊ ရိုသေသော ၊ ယဉ်ကျေးသော ၊ လှပသော ၊ ထူးချွန်သော ၊ စိတ်ချရသော ၊ နိုင်ငံတိုင်းမှာ သူနဲ့ ရုပ်ဆင်တဲ့ မင်းသမီး တွေ ရှိသော ညီမတော် မြတ်နိုးအေး မွေးနေ့မှ စ ပိုမိုတိုးတက်အောင်မြင် ကျန်းမာ ချမ်းသာ ကံကောင်း ပါစေ ။ မပြောင်းမလဲ ဆက်လက်ကြိုးစား စိတ်ကောင်းထားနိုင်ပါစေ!Happy Birthday my Sister Myat Noe Aye” ဆိုပြီးတော့ ရေးသားဖော်ပြလာပါတယ်။


မြတ်နိုးအေးကတော့မကြာခင်မှာ MNTV ရုပ်သံလိုင်းကနေပြီး ထုတ်လွှင့်ပြသမယ့် “ရင်ခုန်သံ(၇၄)ရက်” ဇာတ်လမ်းတွဲမှာ ခါရာနဲ့အတူတွဲဖက်ပြီးတော့ပါဝင်သရုပ်ဆောင်ထားတာပါ။ မင်းသမီးချောလေးယနေ့ကျရောက်တဲ့မွေးနေ့လေးမှသည် သက်ဆုံးတိုင်အနုပညာလောကမှာအောင်မြင်ကျော်ကြားတဲ့ကြယ်တစ်ပွင့်အဖြစ်ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : HtooPaingZawOo,MyatNoeAye