မွေးနေ့မှာသမီးနဲ့မြေးဖြစ်သူရဲ့ အဖိုးတန်မွေးနေ့လက်ဆောင်တွေကိုရရှိသွားတဲ့ ခိုင်သင်းကြည်ရဲ့မိခင်

Posted on

ထပ်ဆင့်အကယ်ဒမီကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့အချစ်ကိုနှစ်ပေါင်းများစွာသိမ်းပိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ။ ဘယ်ဇာတ်ရုပ်ကိုမဆိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီးကတော့ ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။


စံထိပ်ထားဦးဆိုတဲ့သမီးလေးတစ်ဦးကိုပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ကတော့ သမီးနဲ့အရွယ်တူလို့ထင်ရလောက်အောင် နုပျိုလွန်းတာကတော့ စာတင်စရာပါပဲ။ ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိထားသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်တာပါ။ မိသားစုအပေါ်ချစ်ခင်ဂရုစိုက်တဲ့ အပြုအမူလေးကိုလည်း ဒီနေ့မှာ ပရိသတ်တွေတွေ့လိုက်ရပြန်ပါတယ်။


ခိုင်သင်းကြည်ကတော့ မိခင်ဖြစ်သူရဲ့မွေးနေ့မှာ စိန်ဆွဲသီးတစ်လုံးကိုလက်ဆောင်ပေးလိုက်ပါတယ်။ မြေးဖြစ်သူထိပ်ထိပ်ကလည်း အဘွားဖြစ်သူကို မုန့်ဖိုးစုကာလက်ဆောင်ဝယ်ပေးခဲ့ပြန်တာပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမေတ္တာတွေဖော်ပြကြတဲ့ ခိုင်သင်းကြည်တို့မိသားစုကတော့ တကယ့်ကိုပျော်စရာလေးပါပဲနော်….


Source : KhineThinKyi