အနုပညာအလုပ်အပြင် သူမရဲ့ကျွမ်းကျင်မှုတစ်ခုကို ပရိသတ်တွေကိုချပြလိုက်တဲ့ ချစ်သုဝေ

ဆရာဝန်တစ်ယောက်ဖြစ်သလို အနုပညာရှင်တစ်ယောက်လဲဖြစ်တဲ့ ထရီဇာလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ချစ်သုဝေက တော့ ကလေးဆန်ဆန် အမူရာလေးတွေနဲ့ ပရိသတ်တွေအချစ်ကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသလို ခေတ်နဲ့သစ်တို့အတွက် အကောင်းဆုံး မေမေ တစ်ယောက်ဆိုတာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ..။

အလှူအတန်းတွေ မှာလည်း အားတက်သရော ပါဝင်တတ်သလို လိုအပ်နေတဲ့ နွမ်းပါးပြည်သူတွေ အတွက် အမြဲကြည့်ရှုစောင်ေ့ရှာက်ပေးနေတဲ့သူမရဲ့ စိတ်ထားလေးကတော့ ပရိသတ်တွေ အရမ်းကိုလေးစားနေရတာပါ ။ လတ်တလောမှာတော့ ထရီဇာက ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ ကျွမ်းကျင်မှုတစ်ခုကို ထုတ်ပြလိုက်ပါပြီနော် ။ ကလေးအမေဆိုတော့လည်းကလေးအိပ်တုန်းအမြန်လှုပ်ရှား..သစ်သားဗန်းပေါ်ဆွဲပစ်လိုက်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ ပန်းချီဆွဲနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပါ ။

ထရီဇာကတော့ အဖေတူသမီးလေးပီပီ ချစ်စရာကောင်းတဲ့ ပန်းချီလေးတွေကိုလည်း ရေးဆွဲတတ်တယ်ဆိုတာကို ပရိသတ်တွေကို အသိပေးလိုက်တာပါနော် ။ ခုလို ဘက်စုံထူးချွန်တဲ့ ထရီဇာလေးကို ပရိသတ်တွေကလည်း ချီးကျူးမဆုံးဖြစ်နေကြတာပါ ။ ထရီဇာရဲ့ ချစ်ပရိသတ်ကြီးအတွက် ထရီဇာ ပန်းချီလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x