Follower (၉) သန်းကျော်သွားပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Fan Page

Posted on

အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုစာလောက် အောင်မြင်မှုကို ရေရှည်ထိမ်းသိမ်းထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ အပျက်သဘောဆောင်တဲ့တိုက်ခိုက်မှု မှန်သမျှကို မေတ္တာထားပြီး အကောင်းမြင်စိတ်နဲ့ တုံ့ပြန်လေ့ရှိတဲ့ အတွက် စိုင်းစိုင်းခမ်းလှိုင် ဆိုတဲ့ နာမည်တစ်လုံးနဲ့ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့လေးစားခြင်းကို ခံနေရတဲ့ ကွီးစိုင်းကတော့ တကယ့်အနုပညာရှင်ကောင်းတစ်ယောက်လို့တောင်ဆိုရမှာပါ ။


လတ်တလောမှာတော့ ကွီးစိုင်းရဲ့ fan-page လေး Like ၉ သန်း ပြည့်သွားပြီဖြစ်ပြီး Follower ၉.၇ သန်း ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ Like ၉ သန်းမှာ ၅၂% က အမျိုးသားတွေဖြစ်ပြီး ၄၈% က အမျိုးသမီးတွေပါ အသက် ၁၈နှစ်က ၂၄ နှစ်ကြား လူငယ်တွေအများဆုံးဖြစ်တယ်လို့သိရပါတယ် ။ ရန်ကုန်မှာ ၃.၄ သန်းနဲ့ အများဆုံးဖြစ်ပြီး မန္တလေးမှာ ၁ သန်း ( မန်းလေး လူဦးရေ ၁ သန်းကျော်လို့ ဖတ်ဖူးတော့ ၁ သန်းတောင် ကျနော့်ကို follow လုပ်ထားကြတာ ကြည်နူးလိုက်တာ ) လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ် ။

ဒါ့အပြင် ဘန်ကောက် တောင်ကြီး မုံရွာ မြစ်ကြီးနား မော်လမြိုင် စသဖြင့် အနှစ်နှစ်အလလ ကျနော့်ကို စိတ်ဝင်စားအားပေးခဲ့ကြတဲ့ အဆွေတော်များအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းနဲ့ ဆက်ပြီး ကြိုးစားပါဦးမယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ကိုယ့်ကိုကိုယ် ဆင်ခြင်မိတာက လောဘပဲ ၁၀ သန်းကပြည့်ချင်သေးတာ လို့ ရေးသားဖောြ်ပထားပါသေးတယ် ။

Source : Sai Sai Khan Leng
Emily (Cele Gabar)