အကယ်ဒမီရုပ်ထုတွေနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့တဲ့ အကယ်ဒမီ (၆) ဆုရှင် ရန်အောင်

မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသားတစ်လက်ဖြစ်ပြီး အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူး နိုင်ခဲ့တဲ့ နာမည်ကျော်မင်းသားကြီး ရန်အောင်ကတော့ အနုပညာလောကမှာ မှတ်ကျောက်တင်ရလောက်အောင် သရုပ်ဆောင်ပညာမှာထူးချွန်တဲ့သူတစ်ယောက်ပါ ။ သူ့ရဲ့သရုပ်ဆောင်ပညာတွေကတော့ နောင်လာနောင်သာတွေ အတွက် သင်ယူမဆုံးနိုင်တဲ့ တကယ်တော်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။

လတ်တလောမှာတော့ သြဂုတ်လ (၁၄) ရက်နေ့က ဓါတ်ပုံ နေမင်းထွန်း အတွက် ဓါတ်ပုံရိုက်ပေးရင်း ကြုံလို့ အိမ်က အကယ်ဒမီရုပ်တွေ ယူပြီးအကယ်ဒမီ ၆ ဆုနဲ့ အမှတ်တရ ရိုက်ဖြစ်ခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးထားပါတယ် ။ ရိုက်ထားတဲ့ပုံတွေများတဲ့အထဲက ကောင်းနိုးရာရာပုံလေး အမှတ်တရ ကြည့်ရအောင်လို့ ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပြီး အဝတ်အစားတွေကို “ဒီဇိုင်နာမျိုးမင်းစိုး”ကချုပ်ပေးထားတာဖြစ်တယ်လို့သိရပါတယ် ။

ရွှေစလွယ်အဖြစ် ရွှေကြိုးတွေက တော့ “အောင်သမာဓိ”ရွှေဆိုင်က ဆင်မြန်းပေးထားတာဖြစ်တယ်လို့ရေးသားဖော်ပြထားပါသေးတယ် ။ မြန်မာနိုင်ငံမှာအကယ်ဒမီဆုအများဆုံးပိုင်ဆိုင်ထားတဲ့ အကယ်ဒမီများရှင်ရန်အောင်ရဲ့ အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေကြည့်ရှုနိုင်ဖို့ ထပ်မံမျှဝေပေးပါဦးမယ်နော် ။

Source : Yan Aung
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x