လက်ဦးဆရာ “ဆရာမင်းထင်ကိုကိုကြီး” နဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ မေ

Posted on

မေကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တဲ့ သူတစ်ယောက်ပါ။လက်ရှိအချိန်မျှွှာတော့ မေက သရုပ်ဆောင်တစ်ယောက်အပြင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိပိုင်ဆိုင်ထားနိုင်နေပြီဖြစ်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။

မေကလတ်တလောမှာ သူ့ရဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်ခါခဲ့ချိန်က လက်ဦးဆရာဖြစ်တဲ့ “ဆရာမင်းထင်ကိုကိုကြီး” နဲ့ တွေဆုံခဲ့ပြီး အနုပညာလောကကိုစတင်ဝင်ရောက်လာချိန်က အမှတ်တရတွေကိုပြန်လည်ပြောပြလာခဲ့ပါတယ်။မေက အသက် (၁၇) နှစ်အရွယ် ကင်မရာရှေ့စရောက်ချိန် ဇာတ်ကောင်စရိုက်ပီပြင်စေခဲ့တဲ့ “တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားရိုက်ခဲ့တဲ့အချိန်တွေ သတိရမိတဲ့အကြောင်းကိုလည်းပြောပြထားပါသေးတယ်။

“တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားရိုက်ကူခဲ့ချိန်က သင်ပြညွှန်ကြားပေးခဲ့တဲ့ ဦးမင်းထင်ရဲ့ သင်ကြားညွှန်ပြမှုနဲ့ Satori Team တစ်ခုလုံးကိုလည်း ကျေးဇူးတင်စကားလည်း ဆိုထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက မေရဲ့ ပရိသတ်တွေလွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က မေရိုက်ကူးခဲ့တဲ့ “တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားကိုကြည့်ဖူးတဲ့ ပရိသတ်တွေရှိလား။

Chilli – CeleGabar
Source – May