ချစ်သုဝေကတော့ အဆိုတော်၊မင်းသမီးတစ်လက်အနေနဲ့သာမက ပညာရေးမှာလည်းထူးချွန်တာလူတိုင်းအသိပါပဲ။ အစစအရာရာထူးချွန်တဲ့အပြင် ခေတ်သစ်ဖောင်ဒေးရှင်းတည်ထောင်ကာ အချိန်တွေအားစိုက်မှုတွေကို ပရဟိတလုပ်ငန်းအတွက်လည်း အသုံးပြုတာကြောင့် လေးစားစရာကောင်းလွန်းသူတစ်ယောက်ပါ။
ချစ်သုဝေကတော့သူ့ရဲ့အခြားထူးချွန်မှုကို ပရိသတ်တွေကို ထုတ်ပြလာခဲ့ပြန်ပါတယ်။ ဝါသနာအရပန်းချီကိုလည်း စိတ်ဝင်စားတဲ့ချစ်သုဝေကတော့ ကလေးတွေအိပ်တုန်းမှာ ပန်းချီဆွဲခဲ့ပါတယ်။ အချိန်ရတုန်းအမြန်ဆွဲခဲ့တဲ့ပန်းချီလက်ရာကတော့ တကယ့်ကိုလက်ရောက်မြောက်နေတာပါ။ ပရိသတ်တွေကတော့ အချိန်တိုတိုလေးမှာ ပန်းချီကားချပ်လှလှလေးဖန်တီးနိုင်တာကြောင့် ချီးကျူးနေခဲ့ကြပါတယ်။
ချစ်သုဝေကတော့ အနုပညာအလုပ် ပရဟိတအလုပ်တွေအပြင် ခေတ်နဲ့သစ်ဆိုတဲ့သမီးလေးကိုလည်း အကောင်းဆုံးပြုစုပျိုးထောင်ဖို့ကြိုးစားနေတဲ့ မိခင်ကောင်းတစ်ယောက်ပါ။ ကလေးတွေအိပ်တုန်း ပန်းချီဆွဲထားတဲ့ မေမေချစ်သုဝေရဲ့ပန်းချီလက်ရာလေးကို ကလေးအမေဆိုတော့လည်းကလေးအိပ်တုန်းအမြန်လှုပ်ရှား..သစ်သားဗန်းပေါ်ဆွဲပစ်လိုက်တယ်အေ ဆိုပြီးတော့
ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : ChitThuWai