“အဆင်ပြေဖို့ခက်တယ်” သီချင်းလေးကို ဗားရှင်းအသစ်နဲ့ပြန်လည်သီဆိုခဲ့တဲ့ မင်းခန့်နဲ့ ချယ်ရီသင်း

Posted on

မင်းခန့်ကတော့ ခံစားချက်အပြည့်နဲ့ရင်ထဲထိတဲ့စာသားလေးတွေကို ဖန်တီးပုံဖော်နိုင်သူတစ်ယောက်မို့ ပရိသတ်ရင်ထဲအချိန်တိုအတွင်းရောက်ရှိလာသူတစ်ယောက်ပါ။ ” ပြန်ချစ်ကြမယ်” “အဆင်ပြေဖို့ခက်တယ် ” စတဲ့သီချင်းတွေကိုတော့ ပရိသတ်တွေအများဆုံးဝန်းရံအားပေးခဲ့ကြပြီး ဒီသီချင်းတွေကတော့ JOOX ရဲ့ Top 10 စာရင်းမှာလည်း အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေရင်ဘတ်နဲ့ထပ်တူကျခဲ့တဲ့ သီချင်းလေးဖြစ်တဲ့ “အဆင်ပြေဖို့ခက်တယ်” သီချင်းလေးကို ချယ်ရီသင်းနဲ့အတူ Acoustic Version နဲ့ ပြန်လည်သီဆိုပြီး ချပြခဲ့ပါတယ်။ ပရိသတ်ဝန်းရံအားပေးမှုရရှိခဲ့တဲ့ ဒီသီချင်းလေးကို အခုတစ်ခေါက်မှာ တီးလုံး၊သံစဉ်လေးတွေပြောင်းပြီး ပြန်လည်သီဆိုထားပေမယ့် သီချင်းရဲ့ မူလအနှစ်သာရမပျောက်ဘဲ စုံတွဲပုံစံလေးနဲ့ ပရိသတ်ကို တစ်မျိုးတစ်ဖုံပြန်လည်ခံစားမိစေမှာပါ။

သီချင်းသံစဉ်၊ တီးလုံးလေးတွေကိုတော့ တေးရေး၊ တေးဆို မိဖူးက ဖန်တီးပေးထားပါတယ်။ မင်းခန့်နဲ့ ချယ်ရီသင်းတို့ရဲ့ ပထမဆုံးစုံတွဲသီချင်းလေးဖြစ်တဲ့ “အဆင်ပြေဖို့ခက်တယ်” ဗားရှင်းအသစ်လေးကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Cherry Thin
Rainbow- Cele Gabar