ကိုယ့်အပေါ်မှာကျေးဇူးရှိဖူးတဲ့ ညီမလေးတစ်ယောက် ဆေးရုံတက်ရချိန်မှာ ပြန်လည်ကူညီပေးခဲ့တဲ့ A4 ကျော်စွာ

Posted on

A4 ကျော်စွာကတော့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကြံရည်ရောင်းရင်း ဝါသနာပါရာဂီတခရီးလမ်းကို လျှောက်လှမ်းခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ထိမိတဲ့ Free Style Rap တွေကြောင့် ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိခဲ့ပြီး အခုဆိုရင်တော့ ယုန်လေးရဲ့ဖေးမကူညီမှုနဲ့အတူ နားခိုစရာအိမ်လေးတစ်လုံးငှားနေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလိုအခြေအနေမရောက်ခင်မှာ ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ A4 ကတော့ သူ့ကို ကျွေးမွေးစောင့်ရှောက်ဖူးတဲ့ ကျေးဇူးရှင်တစ်ယောက်ရဲ့စိတ်မကောင်းစရာအခြေအနေကို မျှဝေလာပါတယ်။ သူစားစရာမရှိခဲ့စဉ်အချိန်က ရွှေတိဂုံဘုရားမှာ ပန်းရောင်းပြီး သူ့ကို ထမင်းကျွေးမွေးဖူးခဲ့တဲ့ညီမလေးတစ်ယောက်က အခုချိန်မှာ အသည်းရောင် အသားဝါနဲ့ ဆေးရုံတက်နေရတာဖြစ်ပြီး A4 ကတော့ အခုလိုအချိန်မှာ တတ်နိုင်သမျှပြန်လည်ကူညီပေးဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။

ဒီနေ့မှာတော့ ကျေးဇူးရှင်ညီမလေးအတွက် ငွေကြေးအချို့နဲ့အတူ သူတတ်နိုင်သလောက် သွားရောက်ကူညီပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… ကိုယ့်ထက်အသက်ငယ်ရွယ်သူ ဖြစ်ပေမယ့် ကျွေးကျေးဇူးရှိခဲ့ဖူးတာကို မမေ့ဘဲ သူဒုက္ခရောက်နေချိန်မှာ နိုင်သလောက် ပြန်လည်ကူညီပေးခဲ့တဲ့ A4 ကျော်စွာရဲ့အလှူလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။


Source – Kyaw Swar
Rainbow- Cele Gabar